ရောင်ကွဲနှင်းဆီ

မာန်လေးနွယ်

500 Kyats ကျပ်
နှောင်းတန်ခူး က မာနကြီးပေမဲ့ စိတ်သဘောထားကောင်းတယ်။ အဖေဖြစ်သူက ကျိကျိတက် ချမ်းသာပေမဲ့ ပိုင်ဆိုင်မှုတွေကို သူ စိတ်မဝင်စားဘူး။ သူ့လက်နဲ့ ရှာလို့ရတဲ့ ငွေကိုမှ တန်ဖိုးထားတတ်တဲ့လူမျိုး။ အဖေဖြစ်သူက မိန်းမတွေ အများကြီးယူ၊ တခြား ဖအေတူ မအေကွဲ မောင်နှမတွေကြောင့် စိတ်ရှုပ်လို့ တန်ခူး တစ်ယောက် ပိုင်ဆိုင်မှုတွေတစ်ခုမှ မယူဘဲ အိမ်ကထွက်လာခဲ့တယ်။ သူ့ဘာသာသူ အေးဆေးနေပေမဲ့ အဖေဖြစ်သူရဲ့ နောက်မိန်းမ မေရီနဲ့ သားဖြစ်သူက သူ့ကို လိုက်နှောက်ယှက်နေတုန်းပဲ။ နောက်ပြီး တန်ခူးကို ချစ်တဲ့ အစ်ကိုဖြစ်သူ ဝေယံလင်း ရဲ့ ကောင်မလေး သက်လယ်ကလည်း ပြဿနာရှာလေ့ရှိတယ်။ ဒီလိုအစပြုထားတဲ့ ဝတ္ထုထဲမှာ ရှုပ်ထွေးလှတဲ့ မိသားစုရေးရာတွေ၊ ယုတ်မာမှုတွေ၊ သားအဖ၊ ညီအစ်ကိုတွေကြားက ချစ်ခြင်းတွေ၊ အမှန်တရားတွေ၊ နောက်ပြီး ယွန်းဆိုတဲ့ ကောင်မလေးနဲ့ တန်ခူးကြားက နူးညံ့တဲ့ အချစ်တွေကိုလည်း ဖတ်ရှုခံစားရမှာပါ။