အဆိပ်လူးနှင်းဆီတစ်ပွင့်

မာန်လေးနွယ်

500 Kyats ကျပ်
ခိုင်မြဲခန့် က ရဲအရာရှိပေါက်စ။ ထူးချွန်တယ် ထက်မြက်တယ်။ သူနဲ့ တစ်အိမ်တည်းနေပြီး ညီအစ်ကိုအရင်းလို ခင်တာက လေပြေသွေး။ သူက အရမ်းနူးညံ့တဲ့ ပန်းချီဆရာ။ ခန့် နဲ့ သွေးက မိဘမဲ့တွေ။ သွေး က သူ့ရဲ့ငယ်ဘဝကို မမှတ်မိဘူး။ တစ်နေ့ ခန့် လူသတ်မှုတစ်ခု ဖော်ထုတ်ရတယ်။ ဝိုင်နီသွေး (ခေါ် ) နှင်းဆီသွေး ဆိုတဲ့ အမျိုးသမီးက သူ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ လူခြောက်ယောက်ကို ပြန်လက်စားချေတဲ့အမှု။ လက်စားချေခံရမယ့်အထဲ ရဲမှူးလည်းပါတယ်။ အဲဒီမှာ ထူးဆန်းတဲ့ လူတစ်ယောက်ဖြစ်တဲ့ ရဲမှူးရဲ့လက်ထောက် ကိုဝေယံ က ခန့်နဲ့ အတူ အလုပ်တွဲလုပ်ရတယ်။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သွေး က အမှုကိစ္စတချို့ကို ဖော်ထုတ်ပေးနိုင်သလို၊ အမှုနဲ့ ဆက်စပ်တဲ့ အိမ်ကြီးကို ပြန်သွားတဲ့အခါ တစ်ခုခုကို ကြောက်လန့်ပြီး သတိလစ်သွားခဲ့တာပါပဲ။ ဒီလိုအမှုကို ခန့် တစ်ယောက် ဘယ်လိုဖော်ထုတ်မလဲ? လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က မိသားစုတစ်စု အသတ်ခံရမှုနဲ့ သွေးဟာ ဘယ်လိုပတ်သက်နေမလဲဆိုတာ… ဒီဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။