ကြယ်စင်ညွှန်ကြားသော လမင်း၏ဖူးစာ

မာန်လေးနွယ်

400 Kyats ကျပ်
ဒယ်နီရယ်မိုးဆိုတဲ့ ကောင်လေးက မသေမျိုး၊ နောက်ပြီး သူ့မှာ အမျိုးမတူတဲ့ စွမ်းအားတွေ အများကြီးရှိတယ်။ သူက နေနတ်သားရဲ့ အထူးလက်ဆောင်တဲ့။ သူ့အသက်က ငါးရာကျော်ရှိနေပြီ။ အခုသူဟာ ပတ်ဝန်းကျင်က မရိပ်မိအောင် ကျောင်းကို ဟန်ပြတက်နေရတယ်။ တက်နေရင်းနဲ့ ဇူးဇူးဝိုင်ဆိုတဲ့ ကောင်မလေးရယ်၊ ထူးမြတ် ဆိုတဲ့ ကောင်လေးရယ်နဲ့ ခင်ခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒယ်နီရယ် သတ်မိခဲ့တဲ့ ကောင်လေးတစ်ယောက်က ဇူးဇူးရဲ့ ချစ်သူဖြစ်နေသတဲ့။ နောက်ပိုင်း ထူးဆန်းတဲ့ စွမ်းအားတွေရှိတဲ့ ဒယ်နီရယ်ရဲ့ သရုပ်မှန်ကို ဇူးဇူးတို့တွေ သိသွားကြမလား? ဘယ်သူနဲ့ ဘယ်သူက နှလုံးသားနှောင်ကြိုးတွေ ချည်နှောင်မိကြမလဲ? ဘယ်လိုတိုက်ပွဲတွေကို ရင်ဆိုင်ရမလဲ? စတာတွေအပြင် ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဝတ္ထုကို ဖတ်ရှုခံစားကြည့်ကြပါဦး။