ငါတို့ခေတ်ကို သက်သေတည်၍

မာန်(တောင်လုံးပြန်)

800 Kyats ကျပ်
၈၈) အရေးတော်ပုံကြီးရဲ့ တစ်စိတ်တစ်ပိုင်း၊ ခေတ်ဆိုးခေတ်ပျက် ခေတ်တစ်ခေတ်ရဲ့ အဖြစ်အပျက်တွေကို တို့ထိပုံဖော်ထားတဲ့ ဆရာမာန် (တောင်လုံးပြန်) ရဲ့ ‘ငါတို့ခေတ်ကို သက်သေတည်၍’ ဝတ္ထုကြီးကို စာချစ်သူ မိတ်ဆွေတို့အတွက် လက်တို့ချင်ပါတယ်။ ဒီဝတ္ထုကြီးကို ဆရာမာန် (တောင်လုံးပြန်) အနေနဲ့ ဘယ်လောက်အထိ အားထုတ်ပြီး ရေးဖွဲ့ဖန်တီးခဲ့သလဲ ဆိုရင် အခန်းနံရံမှာ စာတစ်ကြောင်း ရေးကပ်ထားသတဲ့။ ‘ဒီဝတ္ထုကြီး ရေးမပြီးမချင်း ငါ စာရေးဆရာ မဟုတ်’ ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးချက်။ ဒီစာတန်းကို ခဏခဏ မော့ကြည့်၊ ပြန်ဖတ်ရင်း အားထုတ်ရေးသားခဲ့တဲ့ ဖန်တီးမှု။ ဆရာကိုယ်တိုင် အင်တာဗျူးခဲ့တဲ့ နိုင်ငံရေးနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ ပြောစကား၊ အတွေ့အကြုံ၊ သမိုင်းမှတ်တမ်းတွေကို အခြေခံပြီး ဇာတ်အိမ်ဖွဲ့လို့ ရသဝတ္ထုကြီးအဖြစ် ပုံဖော်ထားတဲ့ ‘ငါတို့ခေတ်ကို သက်သေတည်၍’ ။ ပါဝင်တဲ့ ဇာတ်ကောင်များစွာ၊ အဖြစ်အပျက်များစွာ၊ ဇာတ်လိုက်က အမိမြန်မာပြည်။ ကဲ … ဒီလို ခမ်းနားတဲ့၊ မေ့ဖျောက်မပစ်သင့်တဲ့၊ သမိုင်းတစ်ကွေ့က အခြေအနေတွေကို ခံစားကြည့်ပါဦးခင်ဗျ။