မြို့တစ္ဆေ

မာန်(တောင်လုံးပြန်)

800 Kyats ကျပ်
စာမြည်း ။ ။ လူလေး … ရိုးသားမှုအတွက် ဒီကမ္ဘာမြေပေါ်မှာ ဝင်ဆံ့လို့မရတဲ့ နယ်မြေ မရှိဘူး... ရိုးသားသူအတွက် ကမ္ဘာမြေက နေရာတိုင်း၊ နေရာတိုင်းမှာ အဆင်သင့်ပဲ … “ကျွန်တော် … ကျွန်တော် တာတူးလေးကို သနားလို့ပါ။ သူမသေခင်က သူ့အဖေနဲ့ အမေကို သိပ်တွေ့ချင်လို့ ငိုတယ်။ သေတော့မှ အဲဒီလူလာတာ၊ လာတော့လည်း ခိုးကြောင်ခိုးဝှက်နဲ့။ အဲဒီမှာ သူ့ကြီးတော်ကြီးကလည်း အော်ငိုတော့ ကျွန်တော်လည်း” “အဲဒါနဲ့… လူလေးက ပြေးထိုးလိုက်ရော ဆိုပါတော့” “ဟုတ်… ဟုတ်ကဲ့ ဘဘ” “ကလေးမလေးတစ်ယောက် ပါသေးတယ်ဆို” “ဘကြီးသက် အိမ်ဘေးကပါ၊ ကျွန်တော့်သူငယ်ချင်း။ သူက ဟိုလူကိုသိတယ်၊ သူပြပေးတာ” “နေပါဦးကွာ၊ ထိုးပြီးတော့ လူလေးတို့က ဘာလို့ငိုတာလဲ” “တာတူးလေးကို သနားလို့ပါ ဘဘ” “ဟေ… ” ဘဘဦးအောင်သင်းက အံ့အားသင့်သွားပါတယ်။ ပြီးတော့မှ… “ဪ… လူလေးရယ်၊ မင်း တော်တော်ရိုးသားပါလားကွာ… ဟင်၊ ဘဘခေါ်တာ လူလေးကို ဆူဖို့မဟုတ်ပါဘူးကွယ်၊ ဘဘအံ့ဩလို့ပါ။ လူလေးတို့ကို ရိုးသားတဲ့ လူငယ်တွေ ဘဘက သိပ်ချစ်တာ။ ဘဘတို့အသင်းမှာ လူလေးတို့လို လူငယ်တွေ ရောက်လာတာကို ဘဘ သိပ်ဝမ်းသာတာပဲ။ လူလေး… လူလေးရေ၊ ဘဘဟာ အသက်ကြီးပါပြီကွာ။ အောင်သင်းဟာ အဘိုးကြီး ဖြစ်နေပါပြီ။ လူလေးတို့လို လူငယ်တွေကို ပြန်အံ့ဩနေတဲ့အချိန် ရောက်နေပါပြီ။