ချစ်သူလက်ဖြင့် ဒုက္ခကို ဝယ်ယူခြင်း

မာန်(တောင်လုံးပြန်)

800 Kyats ကျပ်
မာန်(တောင်လုံးပြန်) လို့ ပြောလိုက်တာနဲ့ ဆရာရေးနေကြ သမိုင်းအကြောင်းတွေ၊ ရာဇဝင်အကြောင်းတွေကို သတိရမိတယ်။ ဒီတစ်ခါတော့ အဲဒီလိုမဟုတ်ဘူး။ ထူးထူးခြားခြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ်။ မွေးကတည်းက ရှေးရိုးစွဲ ပုံစံသွင်းခံထားရတဲ့ နွေးနွေး။ ငယ်ငယ်ကတည်းက ကင်မရာအတတ်ကို ဝါသနာပါပြီး ကြီးလာတော့ နိုင်ငံတကာမှာပါ နာမည်ကြီးတဲ့ ကင်မရာမန်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူ ကျော်ကျော်။ သူတို့နှစ်ယောက်ရဲ့ အမှတ်မထင်တွေ့ဆုံမှုကနေ အချစ်တွေ ... နောက်ပြီး သူတို့ကြားထဲမှာ မီးစလေးဖြစ်လာခဲ့တာက ကိုဇော်မင်း။ ပုဂံရဲ့ အငွေ့သက်တွေ၊ ကင်မရာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ နီးစပ်ခြင်း၊ ခွဲခွာခြင်း၊ အချစ်၊ အမုန်းတွေကို ဖတ်ရှုခံစားရမယ့် ဒရာမာဝတ္ထုကောင်းတစ်ပုဒ်မို့ တင်ဆက်လိုက်ပါတယ်။