အခန်းနံပါတ် A45

မအိုစာ

500 Kyats ကျပ်
“အခန်းနံပါတ် A 45” ၊ ရန်ကုန်မြို့ပေါ်က ရှစ်ထပ်တိုက်တစ်လုံးရဲ့ ခြောက်လွှာအခန်းတစ်ခန်း။ အခန်းရဲ့ရှေ့မှာ ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားတယ်။ ဖုန်မှုန့်တွေ၊ ပင့်ကူမျှင်တွေ ရစ်ပတ်နေတဲ့ အဲဒီဆိုင်းဘုတ်မှာ ရေးထားတာက “ဒေါ်ခင်သက်သက် … ဒုတိယညွှန်ကြားရေးမှူး” ဆိုတဲ့ အမည်။ ဘယ်လောက်ကြာအောင် လူသူကင်းမဲ့နေခဲ့လဲ မသိတဲ့ အဲဒီ ဟောင်းနွမ်းတိုက်ခန်းကို သံပန်းတံခါးတစ်ခုနဲ့ ပိတ်ထားခဲ့တယ်။ တစ်နေ့မှာတော့ နယ်မြို့ကလေးတစ်မြို့ကနေ ချစ်သူပျောက် ရှာပုံတော်ဖွင့်လာတဲ့ ကိုယ်ဝန်ရှိမိန်းမကလေးတစ် ယောက်ဟာ အဲဒီအခန်းမှာနေထိုင်ဖို့ ငှာရမ်းလိုက်မိပါတယ်။ အင်မတန်သက်သာတဲ့ နှုန်းထားနဲ့ ငှားရမ်းခဲ့ရပေမယ့် အိမ်ရှင်ဖြစ်သူ သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်နှစ်ခုက … တစ် - တံခါးအဝင်အဝမှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို မဖြုတ်ဖို့၊ နှစ် - တိုက်ခန်းရဲ့ နောက်ဖေးတံခါးကို လုံးဝမဖွင့်ဖို့။ ဒါနဲ့ပဲ အဲဒီမိန်းမကလေးဟာ တစ်ကိုယ်တည်းတည်း အဲဒီတိုက်ခန်းကို ရောက် လာခဲ့တဲ့ ညမှာပဲ။ မအိုဇာရဲ့ “အခန်းအမှတ် A 45” မှာ …. ။