နှစ်တစ်ရာ ဂူသင်္ချိုင်း

မအိုစာ

500 Kyats ကျပ်
အဝေးပြေးလမ်းမပေါ်က ပြေးလွှားသွားနေတဲ့ ခရီးသည်တင် ကားတစ်စီး…. ထိုကားပေါ်မှာ ပါလာတဲ့ ယောဂီဝတ် အဘွားအိုတစ်ဦးရဲ့ အာရုံခံမှုကြောင့် လူ့အသက် နှစ်ချောင်းကို ကယ်ခွင့်ရခဲ့ပေမယ့် ယောဂီဝတ် အဘွားအိုဟာ ဆေးရုံကို ရောက်ခဲ့သော်လည်း အသက်မသေဘဲ ကျန်ရစ်ခဲ့တယ်။ ဆေးရုံက ဆင်းပြီး ကားလမ်းအကူး ကလေးငယ်တစ်ယောက်ကိုတော့ သူ့အသက်နဲ့ လဲပြီး ကာကွယ်ပေးခဲ့တယ်။ ထို့အတူ သူ့လက်တစ်ဖက်ကတော့ ကားဘီးအောက်မှာ ကျိုးကြေပျက်စီးလျက်ပေါ့…. နောက်ပိုင်း မိသားစုတစ်ခုမှာ ဆေးရုံအတွင်း မီးဖွားနေစဉ် မိခင်သေဆုံးပြီး မွေးလာတဲ့ သမီးလေးမှာတော့ လက်တစ်ဖက် မပါခဲ့ဘူး၊ ထိုကလေးဟာ သိတတ်စအရွယ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းတဲ့ ကလေးမလေး (မသိမ်မွေ့) ဖြစ်ခဲ့တယ်၊ သို့သော် သူ့အဖေ ကိုတိုးမောင်က နောက်အိမ်ထောင်ပြုခဲ့တယ်။ သူ ပြုခဲ့တဲ့ နောက်အိမ်ထောင် အမျိုးသမီးက လင်သားမရှိခင်မှာ မိထွေးပီပီ နှိပ်စက်ခိုင်းစေခဲ့တယ်။ သူတို့မိသားစုဟာ တောင်ပေါ်အိမ်ကို ပြောင်းရွှေ့ရင်း ကလေးမလေးဟာ နှစ်တစ်ရာဂူသင်္ချိုင်းဆိုတဲ့ မှော်ဝိဇ္ဇာရွာကလေး (ပျက်စီးသွားပြီဖြစ်တဲ့) ကို ရောက်ရှိခဲ့ပါတော့တယ်။