မွင္စာငိုသံ

မအိုစာ

600 Kyats ကျပ်
သားဖွားမီးယပ်အထူးကု ဆရာမ ဒေါ်စံပယ်အောင်ဟာ အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အချိန်၊ အိမ်မှာ အလုပ်မရှိ အကိုင်မရှိ လူပိုတစ်ယောက်ဖြစ်နေတဲ့ သူ့ယောက်ျား မောင်မောင်ကျော်ကို ယုံကြည်ထားပေမဲ့၊ ယောက်ျားဖြစ်သူက အိမ်ဖော်မလေးနဲ့ ဖောက်ပြန်နေခဲ့ကြတယ်။ ဒါကို အဒေါ်ဖြစ်သူ ဒေါ်ဝင်းမြိုင်က သတိပေးသော်လည်း ယောက်ျားကို ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ အဒေါ့်စကားကို ယုံကြည်ခြင်း မရှိခဲ့ဘူး။ နောက်ဆုံး မဖုံးနိုင် မဖိနိုင်တော့တဲ့ အချိန်ရောက်တော့မှ သူမက ကြိုးကိုင်ပြီး အိမ်ဖော်မလေးရဲ့ ကိုယ်ဝန်ကို အသိဆရာမကြီးတစ်ဦးနဲ့ ဖျက်ချခဲ့တယ်။ အဲ့ဒီညမှာပဲ အိမ်ဖော်မလေးဟာ သွေးထွက်လွန်ပြီး နာကျင်စွာ အော်ဟစ်နေတဲ့အသံကို ဝိုင်နဲ့ ကျေနပ်စွာ မြည်းယူသောက်သုံးခဲ့တယ်။ ဒီလိုနဲ့ အိမ်ဖော်မလေး အဖျက်ချခံရတဲ့ ကလေးငယ်လေးတို့ဟာ မောင်မောင်ကျော်နဲ့ ဒေါ်စံပယ်အောင်ကို နာကျည်းပြီးတော့ ….. ။