စောရဗလ

မဟာဆွေ

600 Kyats ကျပ်
ကိုထင်အောင်ဆိုတာ အင်မတန် ဥာဏ်ရည်ဥာဏ်သွေးကောင်းပြီး စုံထောက်ခြင်း အတတ်ပညာမှာ ပါရမီပါတဲ့သူ။ ဒါပေမဲ့ သူက စုံထောက်တစ်ယောက် မဟုတ်ပါဘူး။ အလွတ်စုံထောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စောရဗလရဲ့ တရားဥပဒေ ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းနိုင်တာဆိုလို့ ကိုထင်အောင်ပဲ ရှိတာမို့ ကိုတင်အောင်လက်ထဲ တာဝန်လွှဲအပ်ခဲ့ပါတယ်။ အလွတ်စုံထောက်ရယ်လို့ လက်တွေ့မှာ မရှိပေမဲ့ အစိုးရက အကူအညီတောင်းပြီး စုံထောက်ခိုင်းတဲ့ ကိုထင်အောင်တို့လို စုံထောက်မျိုးကိုတော့ အလွတ်စုံထောက်လို့ ခေါ်ကြပါတယ်။ အလွတ်စုံထောက် ကိုထင်အောင်နဲ့ စောရဗလတို့ ဘယ်လို ဥာဏ်စွမ်းပြိုင်မလဲ၊ ဘယ်လို ခြေလှမ်းသာအောင် လှမ်းပြီး ဖမ်းဆီးနိုင်မလဲ၊ စောရဗလဆိုတာကရော ဘယ်လို တရားခံမျိုးလဲဆိုတာ စိတ်ဝင်တစား ဖတ်ကြရမယ့် စုံထောက်ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။