သူပုန့်အိမ်

မဟာဆွေ

800 Kyats ကျပ်
>> ဆရာကြီးမဟာဆွေက ခေတ်ကိုမလိုက်ပဲ မိမိဘာသာခေတ်ကို ဆွဲဆောင်ပြုပြင်နိုင်တဲ့ စာရေးဆရာကြီးတစ်ဦးပါ။ ဒါတင်မကသေးဘူး မိမိနိုင်ငံကို ကျွန်ဘဝကနေ လွတ်မြောက်ရေးအတွက် ဝတ္ထု၊ ဆောင်းပါးတွေနဲ့ လှုံ့ဆော်ခဲ့တဲ့သူပါ။ အဲဒီလိုရေးသားတဲ့ ဝတ္ထုတွေထဲမှာမှ သူပုန့်အိမ်ဆိုတဲ့ ဝတ္ထုက လူစိတ်ဝင်စားမှုကို တော်တော်ရခဲ့ပါတယ်။ ဒီစာအုပ်ထဲက အချိန်က အင်္ဂလိပ်တွေအုပ်စိုးနေချိန်။ ဒီလိုအုပ်စိုးနေတဲ့ မြန်မာနိုင်ငံကြီးတစ်နိုင်ငံလုံးကို မြန်မာတို့လက်အောက်ကို ပြန်ရောက်အောင် ပုန်ကန်ထကြွမယ့် မင်းသားထိပ်တင်ကြီး စောရန်အောင်။ သူ့အကြောင်းစုံစမ်ဖို့ တာဝန်ပေးထားတဲ့ရတဲ့သူက စုံထောက်ဝန်ကလေး မောင်ဌေးအောင်။ စောရန်အောင်က လူဂွစာ၊ လူထူးဆန်းဖြစ်ပြီး ယောက်ျားတွေကို အဖတ်မလုပ်သူ။ ဒီတော့ စုံထောက်ဝန်ကလေးက သူ့ရဲ့ချစ်သူ ခင်ဆွေတင့်ကို အကူအညီတောင်းပြီး စောရန်အောင်ကို စွဲဆောင်ခိုင်းတဲ့အခါ… သူပုန့်အိမ်ကြီးထဲမှာနေတဲ့ စောရန်အောင်နဲ့ ကျောင်းသူလေးခင်ဆွေတင့်တို့ နီးစပ်လာမှုကနေ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာမလဲဆိုတာကို ဆရာကြီးမဟာဆွေရဲ့ အရေးအသားနဲ့အတူ ခံစားကြည့်လိုက်ပါဦးနော်။