ရွင္ရဲယွဥ္ရဲ လူငယ္မ်ား

မသီတာ (စမ်းချောင်း)

1000 Kyats ကျပ်
ကျွန်မတို့ဘဝတွေဟာ အမြဲ ပျော်စရာကောင်းမနေပါဘူး။ ပျော်စရာဝတ္ထုလေးတွေက ပျော်တုန်းသာ ဖတ်လို့ကောင်းပေမဲ့ တကယ်တမ်း စိတ်ဓါတ်တွေ ပြိုလဲလာရင်တော့ စိတ်ခွန်အားဖြည့် စာအုပ်လေးတွေကသာ မွန်းကျပ်မှုတွေကြားက အဖိုးတန် အောက်စီဂျင်ကို ပေးနိုင်တာပါ။ ဒါကြောင့် စာချစ်သူတို့လည်း စိတ်ဓါတ်ပဲကျနေကျနေ အောင်မြင်ဖို့ ကြိုးစားဆဲပဲဖြစ်ဖြစ် အခက်အခဲတွေကို အနိုင်ယူပြီး အောင်မြင်သွားကြတဲ့ သူတွေအကြောင်းကို လေ့လာမှသာ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်ပြီး လိုတိုးပိုလျှော့ ဉာဏ်ကစားပြီး အလွယ်တကူ အောင်မြင်နိုင်ကြမှာပါ။ ဒီစာအုပ်ထဲမှာတော့ ကမ္ဘာပေါ်မှာ မှတ်တမ်းတင်ခံရတဲ့ အောင်မြင်သူတွေရဲ့ Secret တွေကို အလွယ်တကူပဲ လေ့လာနိုင်မှာဖြစ်လို့ စာချစ်သူတို့လည်း အားတဲ့အခါ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပြီး ကိုယ့်ဘဝနဲ့ ချိန်ထိုးသုံးသပ်၊ အတုယူစရာတွေကို လေ့လာပြီး ကိုယ့်အတွက် စိတ်ခွန်အားအဖြစ် ပြန်လည်အသုံးချပြီး ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင် အောင်မြင်မှုကို အရယူနိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီစာအုပ်လေးကို ဖတ်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။