တစ်၊ သုည၊ တစ်ဆယ် နှင့် ဆယ်ကျော်သက်တို့ ဖတ်ဖို့ …

မသီတာ (စမ်းချောင်း)

700 Kyats ကျပ်
ခေတ်သစ်ကမ္ဘာကြီးပေါ်က ဆင်းရဲမွဲတေမှုတွေ၊ ရုန်းကန်လှုပ်ရှားရခြင်းတွေ၊ နာမကျန်းဖြစ်မှုတွေ၊ စစ်ပွဲတွေနဲ့ အနိဋ္ဌအာရုံတွေသာ စုပုံနေတဲ့ လူသားတို့ရဲ့ဘဝ သာယာသက်တောင့်မှု ပျောက်ဆုံးခြင်း အထက်ပါအတွေးစမျိုး ပေးတဲ့ အက်ဆေးတွေကို ယခုစာအုပ်မှာ တွေ့ရမှာဖြစ်ပါတယ်။ သက်ပြင်းမောမောရှုရှိုက်လို့ ခပ်ကြမ်းကြမ်းတင်းကျပ်မှု ဝေဒနာကို ခံစားရင်း ဒီအက်ဆေးစုတွေကို ဖတ်ရပါလိမ့်မယ်။ ဝါကျပြေချောပေမယ့် ဖတ်ရင်းနဲ့ ခပ်မောမောဖြစ် အသက်ကို ပြင်းပြင်းရှုရှိုက်မိတဲ့ ဒီစာအုပ်ပါ အက်ဆေးစု တွေကတော့ ကမ္ဘာကြီးရဲ့ အပေါ်ယံနဲ့အတွင်း တစ်လွှာချင်း ဆုတ်ခွာပြီး သွေးချင်းချင်းနီနေခြင်းကို လှစ်ဟထားခြင်းကြောင့်ပါပဲ။