စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်

မသီတာ (စမ်းချောင်း)

1000 Kyats ကျပ်
ငယ်ဘဝကတည်းက ‘ဆရာဝန်စာရေးဆရာမ’ ဖြစ်ချင်ခဲ့သူ စာရေးဆရာမ မသီတာ ( စမ်းချောင်း ) ရဲ့ နာမည်အကြီးဆုံး စာအုပ်ပဲဖြစ်တယ်။ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို မရမက ကုပ်ကပ်ကြိုးစားပြီး အရယူခဲ့တဲ့ စာရေးသူရဲ့ စိတ်ဓါတ် မာကျောပုံ၊ ပြတ်သားတဲ့ ခံယူချက်နဲ့ တော်တဲ့ထက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ်ကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရလိမ့်မယ်။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုတော့ သူမ ဖြတ်သန်းခဲ့ရတဲ့ ကာလဟာ ခေတ်ဆိုး စနစ်ဆိုး ခေတ်ပျက် စနစ်ပျက်ကြီးထဲမှာ ဖြစ်နေလို့ပဲ။ စစ်အုပ်ချုပ်ရေးလက်အောက်၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဖြတ်သန်းခဲ့ပြီး၊ ယင်းကြောင့် အင်းစိန်ထောင် အပို့ခံရ၊ စစ်ထောက်လှမ်းရေးတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်၊ အရာရာ ပိတ်ပင်ခံ၊ လူ့အခွင့်အရေးကို သုညဒီဂရီအမှတ်နဲ့ ရှင်သန်ခဲ့ရတဲ့ အခြေအနေကြား၊ ထောင်တွင်းမှာပင် ဝိပဿနာကို မှီခိုအားထားရာအဖြစ် ကျင့်ကြံရင်း ရည်ရွက်ချက်အတွက် တစ်စက်ကလေးမှ အရှုံးမပေးခဲ့ဘူး၊ ခံယူချက်အတွက် စိုးစဉ်းမျှ ခေါင်းငုံမခံခဲ့ဘူး။ ဒီစာအုပ်ကို ဖတ်ဖြစ်အောင် ဖတ်ပါ။ နှစ်ပေါင်း ဆယ်ဂဏန်းဝန်းကျင်ပဲ ရှိသေးတဲ့ သမိုင်းဖြစ်ရပ်ကို သိထားသင့်သလို အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဓာတ်အားမာန်ကိုလည်း လေ့လာအတုယူသင့်ပါတယ်။