ပြဇာတ်အညွှန်း

မလိခ

600 Kyats ကျပ်
ဆရာမလိခ၏ ပြဇာတ်အညွှန်းတွင် အစောဆုံး ပြဇာတ်ဖြစ်သော မဏိကက်ပြဇာတ်ကစ၍ ကိုလိုနီခေတ်ဦးပိုင်း အောက်မြန်မာနိုင်ငံတွင် ပေါ်ထွက်သော ပြဇာတ်များအထိ ပြဇာတ်လမ်းကြောင်း တစ်လျှောက်မှ ကောင်းနိုးရာရာ ပြဇာတ်များကို တစ်ပုဒ်ချင်း ညွှန်းဆိုစိစစ်ထားသည်။ ပြဇာတ်တစ်ပုဒ်ချင်းကို 'ဇာတ်နောက်ခံနှင့် ဇာတ်ဆောင်’ ၊ ‘ဇာတ်လမ်းနှင့် ဇာတ်နောက်ခံ’ ၊ ‘ပြဇာတ်’ ၊ ‘ပြဇာတ်စာဆို’ ဟူသော ခေါင်းစဉ် (၄) ခုစီဖြင့် လေ့လာသုံးသပ်သည်။ ခေါင်းစဉ် (၄) ခုတွင် ရှေ့ခေါင်းစဉ် (၂) ခုသည် ပြဇာတ်၏ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ စာဖတ်သူနှင့် ရင်းနှီးသွားအောင် မိတ်ဆက်ပေးသော အပိုင်းဖြစ်သည်။ အထူးသဖြင့် နောက်ခေါင်းစဉ် (၂) ခုမှာ ပြဇာတ်နှင့် ပြဇာတ်စာဆိုအကြောင်းကို ခြေခြမြစ်မြစ် နှံ့နှံ့စပ်စပ် သုတေသနပြုထားသော အပိုင်းဖြစ်သည်။ အထောက်အထား ခိုင်ခိုင်မာမာဖြင့် ညှိနှိုင်းသုတေသနပြုထားသော ဆရာမလိခ၏ အားထုတ်မှုကို လေးစားဖွယ် တွေ့ရသည်။