နေမထိအလွမ်း

မယ်မင်းဘုံ

700 Kyats ကျပ်
❤ လူ့ဘဝဆိုတာ အချိုးအကွေ့များတယ် ဆိုတဲ့အတိုင်း တည်မြဲတစ်ယောက် ရွှေဘုံပေါ်နေရာကနေ အိမ်ခြေမဲ့ဘ၀ ရောက်နေတယ်။ ရှင်းရှင်းပြောရရင် အိမ်ပေါ်ကနေ ဆင်းလာတာပေါ့။ ဒါပေမယ့် တည်မြဲက ဘဝကိုလွယ်လွယ်နဲ့ အလျှော့မပေးတတ်။ အလျှော့မပေးတတ်လို့ပဲ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရသွားတယ်။ တကယ်တော့ တည်မြဲရဲ့ အဖေကလည်း ဆောက်လုပ်ရေးကုမ္ပကြီးတစ်ခုကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်။ ❤ ဒါပေမဲ့ တည်မြဲက သူဌေးသားဆိုတာထက် သူဌေးဆိုတာမျိုးကိုပဲ လိုချင်တယ်။ သူအလုပ်ကြိုးစားနေရင်း ကုမ္ပဏီပိုင်ရှင်ရဲ့ သမီးကို ချစ်မိသွားတယ်။ အဲဒီအချိန်မှာပဲ တည်မြဲရဲ့အဖေကလည်း သူ့ကို အိမ်ပြန်ခေါ်ချင်နေတယ်။ ဘယ်အရာကိုမဆို လွယ်လွယ်အရှုံးမပေးတတ်တဲ့ တည်မြဲတစ်ယောက် ဘဝကိုဘယ်လို ရှေ့ဆက်လျှောက်မလဲ။ သူ့ရဲ့အချစ်ရေး လမ်းကြောင်းမှာရော ဘယ်လို ဆူးခလုတ်တွေ၊ အထင်လွဲမှားမှုတွေ ကြုံတွေ့ရမလဲ ဆိုတော့ကိုတော့ …