ဆေးကျောင်းသားနှင့်အီကိုကွင်း

မယ်မင်းဘုံ

700 Kyats ကျပ်
လူတွေဆိုတာကလည်း ဆန်းသားဗျ။ မျိုးနွယ်တူ၊ ဝါသနာတူရာတူရာတွေ စုမိတတ်ကြတယ်။ ဝါသနာတူရင် တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမရှိကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ဆေးကျောင်းသားလေး ကောင်းထက်နဲ့ အီကိုမေဂျာကကွင်း ချိုလတို့နှစ်ယောက် မပါဘူး။ နှစ်ယောက်စလုံးက ဟင်းချက်ရတာကို ဝါသနာပါတာ တူကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်မိတာနဲ့ ထသတ်ကြတော့တာပဲ။ ဆေးကျောင်းသားကလည်း ဂျစ်ကန်ကန်၊ အီကိုကကွင်းကလည်း စွာတေးလန်၊ ဘုနဲ့ဘောက်နဲ့ဆိုတော့ သတ်ကြတာမဆန်းပါဘူး။ ဒီလိုမတည့်တဲ့လူနှစ်ယောက်ရဲ့ကြားမှာ မဖြစ်နိုင်ပါဘူးဆိုတဲ့ အချစ်ရေးကို ဒီဝတ္ထုထဲမှာ ဘယ်လိုမြင်ရမလဲဆိုတော့ ....