ချေလို့ နေလို့ ချစ်လေသည်

မယ်မင်းဘုံ

700 Kyats ကျပ်
မီးမီးပိုးဖြူ ဆိုတဲ့ မိန်းကလေးဟာ နာမည်နဲ့လိုက်အောင် မီးလိုပူတဲ့ဘဝမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ပြီးတော့ တခြားမိန်းကလေးတွေလို ချောမောလှပပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်မျိုးကိုလည်း မပိုင်ဆိုင်ခဲ့ရှာဘူး။ ဘဝတလျှောက်လုံး စိတ်အားငယ်မှုတွေနဲ့ နေထိုင်ရှင်သန်ခဲ့ရတဲ့ မီးမီးပိုးဖြူအတွက် ကံကောင်းလာမှုတစ်ခုကတော့ ကိုမောင်လှဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ နားလည်ကြင်နာမှုတွေကို ပိုင်ဆိုင်ခဲ့ရတာပဲ။ သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ရင်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြရင်း ရင်သွေးလေးကို လွယ်ထားရတဲ့ မီးမီးပိုးဖြူအတွက် ကံကောင်းမှုကလည်း ကြာရှည်မခံခဲ့ပါဘူး။ ကိုမောင်လှတစ်ယောက် ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတဲ့အခါမှာ မီးမီးပိုးဖြူတစ်ယောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။ အဲဒါကတော့ …