ပင်လယ်အအေးပတ်အောင် ချစ်သူကလေစိမ်းတိုက်လေသည်

မယ်မင်းဘုံ

700 Kyats ကျပ်
❤ တစ်ခါတလေ လူတစ်ယောက်ရဲ့ အာရုံစိုက်မှုကိုရဖို့ ထူးဆန်းတဲ့နည်းတွေ သုံးကြရတယ် မဟုတ်လား။ အချစ်ရေးမှာ ဆိုရင်လည်း လျှို့ဝှက်တဲ့၊ နားလည်ဖို့ မလွယ်တဲ့ နည်းတွေသုံးမှ အာရုံစိုက်ခံရတာလေ။ အခုလည်း ဝီရတစ်ယောက် စိမ့်ပန်းရဲ့ စိတ်အာရုံကိုဖမ်းစားနိုင်ဖို့ ထူးဆန်းတဲ့နည်းတွေ သုံးနေတယ်။ စိမ့်ပန်းက သူ့ကိုမသိပေမဲ့ ဝီရကတော့ စိမ့်ပန်းကို ကောင်းကောင်းသိတယ်။ ဒါကြောင့် စာတိုက်ကနေ စိမ့်ပန်းကို တစ်ပတ်တစ်ခါ စာပုံမှန်ပို့တယ်။ ကိုယ်မသိတဲ့ လူက ကိုယ့်အကြောင်း စာတွေပို့လာတော့ စိမ့်ပန်းလည်း စိတ်ဝင်စားတာပေါ့။ ဒီလိုရင်ခုန်စရာ ကိစ္စကြားထဲ စိမ့်ပန်းရဲ့ဦးလေးနှစ်ယောက်က စိမ့်ပန်းကို ယောက်ျားပေးစားဖို့ ကြိုးစားလာကြတယ်။ ဒါကို ဝီရတစ်ယောက်သိတော့ စိတ်မပူဘဲ ပျော်နေလေရဲ့။ တကယ့်ထူးထူးဆန်းဆန်းကောင်ပဲ။ ❤ ဒီတော့ ဝီရတစ်ယောက် စိမ့်ပန်းရဲ့ ဦးလေးတွေပေးစားမယ့်သူတွေကို ဘယ်လိုလှည့်စား၊ ဘယ်လိုအကွက်တွေရွှေ့ပြီး စိမ့်ပန်းရဲ့အချစ်ကို ရအောင်ဖန်တီးယူမလဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ စိတ်လှုပ်ရှားစရာကောင်းအောင် ဖတ်ကြရမှာပါ။ ဒီဝတ္ထုထဲမှာ လူငယ်တွေရဲ့ ပေါ့ပေါ့ပါးပါးတွေးခေါ်ပုံတွေ၊ အချစ်ကိုရဖို့ ရွှေ့တဲ့အကွက်ဆန်းတွေ၊ စိတ်နေစိတ်ထားတွေနဲ့ အသည်းယားဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းမျိုးကို ဖတ်ကြရမှာမို့ စာဖတ်ပရိသတ်တို့အတွက် ဝန်ဇင်းကနေ တင်ဆက်ပေးလိုက်ပါတယ်။