ဆည်းလည်းခြေရာများနှင့် အခြားဝတ္ထုတိုများ

မယ်စု

700 Kyats ကျပ်
ဝတ္ထုတို ကြိုက်နှစ်သက်သူတွေအတွက် တကယ်ကိုဖတ်လို့ကောင်းတဲ့ ဝတ္ထုတို စုစည်းမှုစာအုပ်။ ဖတ်ရတာ တစ်ပုဒ်ဆို ဆိုသလောက် အတွေးလေးတွေရစေတယ်။ လက်တွေ့မှာ ဖြစ်ပျက်လေ့ရှိတဲ့ ကိစ္စရပ်တွေကိုလည်း မြင်ရတယ်။ ပထမဝတ္ထုတိုတစ်ပုဒ် ... ခြေတစ်လှမ်းမှာတင် LDRS တွေရဲ့ ချစ်ခြင်း၊ သစ္စာရှိမှုတွေ၊ စိတ်ကျရောဂါရှိနေတဲ့ လူတစ်ယောက်အကြောင်း ဖတ်ရင်း အတွေးနယ်ချဲ့ မိတာပါပဲ။ ဒီစာအုပ်ထဲမှာက ခြေတစ်လှမ်းအပြင် ကျွန်မ၏ငှက်ကလေး၊ မြေနိမ့်ရပ်ဝန်းက ဖက်များ၊ ဆည်းလည်းခြေရာများ၊ စိတ်စေရာကခုန်ခြင်း၊ သုခဘုံ၊ ‘ရင်ကွဲဖလံ’ ၊ စတဲ့စတဲ့ ဝတ္ထုတိုကောင်းတွေ အများကြီးပါဝင်ပါတယ်။ ဖတ်ပါ၊ ခံစားပါ၊ တွေးကြည့်ပါ။