နှင်းပွင့်ဒိုင်ယာရီ

မယ်ခိုင်

800 Kyats ကျပ်
ကျယ်ဝန်းစိမ်းလန်းတဲ့ ခြံဝင်းကျယ်ကြီးထဲက အဝါရောင် ရှေးဟောင်းအိမ်ကြီးတစ်အိမ်။ အဲဒီအိမ်ကြီးဟာ တစ်ခါတရံ ခြောက်ကပ်တိတ်ဆိတ်နေတတ်သလို၊ တစ်ခါတရံမှာတော့ ဆူညံပွက်လောရိုက်နေတတ်ပါတယ်။ တစ်ခါတလေ ရယ်မောသံတွေ ဆူညံနေသလို တစ်ခါတလေမှာတော့ ရန်ဖြစ်အော်ဟစ်သံတွေလည်း ဆူပွက်နေတတ်ပါတယ်။ အဲဒီအိမ်ကြီးဟာ ဆူပွက်မှု၊ တိတ်ဆိတ်မှု၊ ရယ်မောမှု၊ ငိုကြွေးမှု၊ ဆူညံမှု၊ ခြောက်ကပ်မှု ... စတဲ့ ရသတွေ အစုံအလင်နဲ့ အခါမလပ် ဖြစ်ပေါ်နေတာမို့ ဒီအိမ်ဒီခြံကြီးကို လူတွေက 'ဥတုသုံးလီ' စံအိမ်ကြီးလို့လည်း ခေါ်ကြပါတယ်။ ဒီလို ရသစုံ တည်ရှိနေတဲ့ အိမ်ကြီးရဲ့ အနောက်ဘက်မှာ ကြာနီတွေ ပွင့်နေတဲ့ ကန်ကလေးရှိတယ်။ အဲဒီကန်အနားမှာ လူမသိသူမသိ ငိုကြွေးနေတတ်တဲ့ အသံလေးတစ်သံက မကြာခဏ ထွက်ပေါ်နေပေမဲ့ ဒီငိုသံလေးကိုတော့ ဘယ်သူမှ အမှုမထားကြပါဘူး။ အိမ်ကြီးရှင် ဦးမိုးနှောင်းမှာ သမီးသုံးယောက် ရှိတယ်။ သမီးကြီး ဂိမ္မာန်နွေလေ၊ သမီးလတ် ဝဿန်မိုးစွေနဲ့ သမီးငယ်လေး ဟေမာန်နှင်းဖွေးတို့ပေါ့။ အိမ်ကြီးရဲ့ အနောက်ဘက်မှာ တသိမ့်သိမ့် ငိုရှိုက်နေရတဲ့ ဟေမာန်နှင်းဖွေးလေးရဲ့ သောကက ဘယ်လိုလဲ၊ ဘာကြောင့်လဲ၊ ဘာအတွက်များလဲ၊ ဘယ်လို ခံစားနေရတာမို့လဲ ဆိုတာကတော့ ...