ကြယ်တစ်ပွင့်နှင့်တွေ့ဆုံခြင်း

မယ်ခိုင်

800 Kyats ကျပ်
ဖုန်းနိုင်နဲ့ပန်းနုတို့ သမီးလေးတစ်ယောက်ရလို့ ပျော်ရုံရှိသေးတယ်။ ရပ်ကွက်မီးလောင်ပြီး မိသားစုတွေ တကွဲတပြားစီဖြစ်ကုန်တယ်။ ဖုန်းနိုင်က ထောင်ကျ။ ပန်းနုက သမီးလေးကို သူကျင်လည်ခဲ့တဲ့ ညဥ့်ငှက်ထိန်း မြမှုန်းခြယ်ဆီမှာ ထားခဲ့ရတယ်။ အချိန်ကြာလာတော့ မြမှုန်းခြယ်နဲ့ အိုးကြယ်လင်းက သားအမိအရင်းလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာပဲ ပန်းနုက ငွေရှင်ကြေးရှင်ဘဝနဲ့ အိုးကြယ်လင်းကို ပြန်လာခေါ်တဲ့အခါ … မိခင်စိတ်ရှိသူနှစ်ယောက်ရဲ့တိုက်ပွဲကပြင်းထန်တော့တာပေါ့။ ကြယ်ပွင့်တစ်ပွင့်လို ထွန်းတောက်စေချင်လို့ အိုးကြယ်လင်းလို့ နာမည်ပေးခံထားရတဲ့ ကလေးမလေး အနာဂတ်က တောက်ပပါ့မလားဆိုတာ ဝတ္ထုထဲ ဖတ်ကြည့်လိုက်ရအောင် !