သမိုင်းကရာဇဝင်

မယ်ခိုင်

800 Kyats ကျပ်
>> တချို့ညီအကိုမောင်နှမတွေက ပုံစံတူတာတွေရှိတယ်။ စိတ်တူတာတွေရှိတယ်။ ဒါပေမဲ့ စိတ်မတူ၊ နေထိုင်ပုံဆန့်ကျင်ဖက်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ ညီအကိုမောင်နှမတွေကတော့ တကယ်ကိုချစ်ဖို့ကောင်းတယ်။ အားနေရန်ဖြစ်နေတယ်။ အချိန်တန်တော့လည်း တစ်ယောက်စိတ် တစ်ယောက်နားလည်ပြီး အဆင်ပြေသွားတာမျိုးပေါ့။ နောင်ရေးရဲ့ လုလင်တို့ ညီအကိုနှစ်ယောက်လည်း ဒီလိုပဲ။ နောင်ရေးက အေးအေးဆေးဆေးနေသလောက်၊ လုလင်ကတော့ တရှူးရှူးတဒိုင်းဒိုင်းရယ်ပါ။ >> ဒီဝတ္ထုထဲမှာ သူတို့ညီအကိုနှစ်ယောက် နှင်းတောင်တက်ဖို့ဆိုပြီး ကချင်ပြည်နယ်ကိုသွားတယ်။ ဟိုရောက်တော့ လုလင်ရဲ့ ထုံးစံအတိုင်း ပြဿနာရှာရန်ဖြစ်တယ်။ သူတို့ပြဿနာရှာမိတာက လူလိမ်မလေး၊ ငစွာမလေးဖြစ်နေတဲ့အခါမှာ… ငယ်ငယ်ကတည်းက ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းလာရတဲ့လူနှစ်ယောက် ဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာ ဒီဝတ္ထုထဲမှာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းအောင် မြင်ရမှာဖြစ်သလို၊ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြှုပ်ကွက်တွေက စာဖတ်ပရိသတ်ရဲ့ နှလုံးသားထဲကို စူးဝင်သွားမှာအသေအချာပါပဲ။