မမြင်ရတဲ့အလှစစ်

မယ်ခိုင်

800 Kyats ကျပ်
ဦးလေးတွေ၊ အဒေါ်တွေ၊ အဘွားတွေရဲ့ လောင်းရိပ်အောက်ကနေ ရုန်းမထွက်နိုင်တဲ့ "ခေး"။ ကျေးဇူးတရားတွေကြောင့် အရာရာကို ခေါင်းညိတ်လက်ခံရုံသာ တတ်နိုင်တဲ့ သူ့ဘဝကိုသူ စိတ်ပျက်နေတဲ့အချိန်မှာပဲ "ပုလဲစိမ်း" ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ဖို့ အကြောင်းဖန်လာတဲ့အခါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလို့ဆိုပြီး ပုလဲစိမ်းကို မြင်မြင်ချင်းမုန်းမိတယ်တဲ့။ ဒါပေမဲ့ ပုလဲစိမ်းကတော့ သူ့ကို မြင်မြင်ချင်း အရမ်းစိတ်ဝင်စားသွားတယ်။ မြင်မြင်ချင်း မုန်းမိသွားသူနဲ့ မြင်မြင်ချင်း စိတ်ဝင်စားသွားတဲ့သူ ! သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက တဖြည်းဖြည်း ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ဇာတ်လမ်းဖြစ်လို့ မဖတ်ရသေးရင် အခုပဲ ဖတ်ကြည့်လိုက်တော့နော်