အရိပ်

မစန်ဒာ

1000 Kyats ကျပ်
ရှင်သန်ကြီးထွားဖို့ နေရောင်ခြည်လိုတဲ့ သစ်ပင်လေးတွေ လောင်းရိပ်ကျရင် ဘာဖြစ်မလဲ။ နေရောင်ခြည်လို မိဘမေတ္တာတွေ လိုအပ်နေရှာတဲ့ ပျော်ပျော်ပါးပါး ကလေးဘဝလေးမှာရော မိဘရဲ့ မကောင်းတဲ့အမူအကျင့် လောင်းရိပ်ဆိုးကြီးမိရင် ဘာဖြစ်မလဲ။ ဆရာမ မစန္ဒာရဲ့ အရိပ်ဆိုတဲ့ ဝတ္ထုထဲမှာ မိသားစု ( ၃ ) စုကို ယှဉ်တွဲဖော်ပြထားပါတယ်။ စုစုလှိုင်တို့ မိသားစုမှာတော့ အဖေက အရက်နဲ့ မိန်းမကိစ္စကလွဲပြီး မိသားစုကို ဂရုမစိုက်။ အမေက ဆေးလိပ်သောက် ဖဲရိုက်။ အမေနဲ့ အတူ ဖဲဝိုင်းတွေ လိုက်ထိုင်ပြီး စုစုလှိုင်လေးခမျာ ဆေးလိပ်ငွေ့ရှုကာ ဆေးလိပ်သောက်တတ်လာခဲ့တယ်။ တက္ကသိုလ်ရောက်တော့လည်း မေတ္တာတရားတို့ ချစ်ခြင်းမေတ္တာတို့ဆိုတာ ကစားစရာအရုပ်တစ်ခုလို သဘောထားပြီး နောက်ဆုံး ဆေးပါစွဲတဲ့အထိ။ စုစုလှိုင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်း မိသားစု ( ၂ ) စုဖြစ်တဲ့ အမာညိုနဲ့ သက်သက်တို့ရဲ့ မိသားစုလေးတွေကတော့ ပျော်ရွှင်စရာ မိသားစုလေးတွေ။ ဒီဝတ္ထုဟာ ကလေးငယ်တွေရှိတဲ့ မိဘများအတွက် ဖတ်သင့်သော စာအုပ်တစ်အုပ်။ မိမိသားသမီးများကို စုစုလှိုင်လို အဖြစ်ခံမလား။ မိမိတို့ကိုယ်တိုင်ကရော စုစုလှိုင်တို့ မိဘတွေလို ဖြစ်နေမိပြီလား။ နောက်မကျသေးပါဘူး။ ဒီစာအုပ်ကိုဖတ်ပြီး ပြင်သင့်တာပြင်ဖို့ အချိန်မီပါသေးတယ်။ မိမိတို့ရဲ့ မကောင်းတဲ့အကျင့်တွေက သားသမီးတွေအတွက် အရိပ်ဆိုးကြီးအဖြစ် မမိုးမိကြစေဖို့ ဒီစာအုပ်ကိုဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။