ဘဝအိပ်မက်ပန်းအိပ်မက်

မစန်ဒာ

1000 Kyats ကျပ်
>> ဒီဝတ္ထုရှည်က ဆရာမငယ်ရွယ်စဉ် နေထိုင်ဖူးတဲ့ စမ်းချောင်းရပ်ကွက်၊ ဦးဖီးလမ်း။ အဲဒီလမ်းက ကန်ထရိုက်တိုက်တစ်လုံးမှာ လာရောက်ပြီးနေထိုင်တဲ့ အိမ်ထောင်စုလေးရဲ့ ဘဝအကြောင်းကို အလှပဆုံး ခြယ်မှုန်းတင်ပြထားတာပါ။ ဒီအထဲမှာ ငွေကြေးချမ်းသာပြီး ကပ်စေးနည်းတဲ့ ဦးဘပွား။ သားသမီးတွေ ပြည်ပမှာ အခြေကျနေကြတဲ့ ဦးဘပွား။ တခြားသူတွေကို အပေါင်းအသင်း မလုပ်လိုဘဲ ကင်ဆာရောဂါနဲ့ ဘဝ နိဂုံးချုပ်ရတော့မယ့် ဦးဘပွားက ကန်ထရိုက်တိုက်နားမှာရှိတဲ့ အိမ်နီးချင်း မိသားစုက ကလေးတွေကို သံယောဇဉ်တွယ်ပြီး ဘဝအမြင် ပြောင်းလာပုံကို ရေးသားထားတာ။ >> အရာရာကို ငွေနဲ့ ဆုံးဖြတ်လို့ မရတာတွေ၊ သေခြင်း တရားကိုပါ ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်ရှိလာတာတွေ၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်ပြီး ကိုယ့်အမျိုးလည်း မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းဖို့အရေးကြီးတာတွေကို ဆရာမက ဝတ္ထုရှည်ထဲကနေ ပြောပြထားပါတယ်။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါနော်။ ဆရာမက ဒီဝတ္ထုရှည်ကို အချိန်ငါးနှစ်ကျော်၊ ခြောက်နှစ်လောက်အထိ အချိန်ယူပြီးရေးသားခဲ့ရတယ်လို့ ဆိုတယ်။ ဒီလောက်အထိ အချိန်ယူရေးသားခဲ့ရတဲ့ ဝတ္ထုရှည်က စာဖတ်ပရိသတ်ရဲ့ရင်ကို ဘယ်လောက်အထိ လှုပ်ကိုင်နိုင်မလဲဆိုတာ ... ဖတ်ကြည့်လိုက်ရအောင်!