ပန်းစကား

မစန်ဒာ

1000 Kyats ကျပ်
‘ကျောင်းသူ၊ ကျောင်းသားတွေဟာ ပန်းဖြူဖြူလေးတွေကို သတိမထားမိကြဘဲ အမှတ်တမဲ့ဖြတ်သွားတတ်ကြတယ်။ ကျောင်းသူလေးတစ်ယောက်ကတော့ စကားပန်းလေးတစ်ပွင့်ကိုအမှတ်မထင်လေးကောက်ပြီး ပန်လိုက်တယ်။ ဆံပင်နက်နက်မှာ ပန်းဖြူဖြူလေးကထင်းသွားတယ်။ ဝတ်ဆံမပါ၊ ဝတ်မှုန်၊ ပွင့်ချပ်နဲ့ ညှာတံလည်းမရှိ။ ပွင့်ဖတ်ဖြူလေးငါးခုနဲ့လှနေတဲ့ မွှေးနေတဲ့ပန်းလေးတွေဟာ မြက်ခင်းပေါ်မှာကြဲပြန့်နေကြတယ်။ အဲဒီမြင်ကွင်းလေးကိုကြည့်ရင်း ‘ကြွေ’ ဆိုတဲ့ မိန်းကလေးဟာ တဖြည်းဖြည်းအသွင်ပြောင်းသွားတယ်။ နှင်းဆီပန်းအနေနဲ့ အသက်မသွင်းနိုင်တော့ပဲ စကားပန်းလေးအနေနဲ့ပဲ အသက်ဝင်လာတယ်’ လို့ စထားတဲ့ ဒီဝတ္ထုကတော့ မဖတ်ဘဲမနေနိုင်ရအောင် ဖြစ်မိပါလိမ့်မယ်။