တစ်နေ့နေ့ရဲ့ နက်ဖြန်ခါ

မစန်ဒာ

1000 Kyats ကျပ်
လောကကြီးမှာ အရူးလို့ အမှတ်သညာပြုကြရတဲ့သူများနဲ့ လူကောင်းလို့ အမှတ်သညာပြုကြရတဲ့ လူအမျိုးအစား နှစ်ရပ် သာမန်အားဖြင့် ရှိကြပါတယ်။ လူကောင်းတွေက အရူးလို့ သတ်မှတ်ကြတဲ့ သူတွေကို စိတ်အခြေအနေ ဖောက်ပြန်နေသူ၊ ဝေဒနာခံစားနေရသူများအဖြစ် လူပတ်ဝန်းကျင်ကနေ ဖယ်ခွာပြီး ဆက်ဆံလေ့လည်း ရှိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ လောကကြီးမှာ အရူးလို့ အမှတ်သညာပြုကြတဲ့သူများနဲ့ လူကောင်းလို့ အမှတ်သ ညာပြုကြတဲ့သူများကြား ဘယ်သူက တကယ်ကို ရူးနေကြပြီး၊ ဘယ်သူကသာ လောကကြီးကို အတ္တလောဘ ဒေါသမာန်မာန မောဟတွေကင်းကင်းနဲ့ ပကတိရှုမြင်နိုင်တယ်ဆိုတာ မကွဲပြားကြပြန်ပါဘူး။ ဆရာမ မစန္ဒာရဲ့ ဒီဇာတ်လမ်းထဲမှာတော့ ချမ်းသာကြွယ်ဝတဲ့ လူကုန်ထံမိသားစုထဲက မဖွယ်မရာလုပ်ရပ်တွေ၊ အရူးလို့ သတ်မှတ်ခံထားရတဲ့ လူတစ်ဦးနဲ့ လူမမယ် အရွယ်ကလေးငယ်တစ်ဦးတို့ရဲ့ ဖြစ်ရပ်တို့ကို ရေးပြပြီး လောကကြီးရဲ့ အကြောင်းကို ရသမြောက်မြောက် ခွဲခြမ်းစိတ်ဖြာ ပြထားတာမို့ စာဖတ်သူများ နှစ်ခြိုက်ကြမယ့် ဝတ္ထုဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ဆိုရပါမယ်။