ဆဌဂံ

မစန္ဒာ

1000 Kyats ကျပ်
စာရေးဆရာမ မစန္ဒာဟာ လူ့သဘာဝအဖွဲ့နဲ့ ဇာတ်ကောင်စရိုက်တို့ကို နိုင်နိုင်နင်းနင်း သရုပ်ဖော် ရေးဖွဲ့နိုင်တဲ့ စာရေးဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ‘ဆဋ္ဌဂံ’ ဝတ္ထုမှာလည်း ခံယူချက် စရိုက်သဘာဝတို့ မတူညီ ၊ ကွဲပြားတဲ့ ဘဝအသီးသီးနဲ့ ခြားနားနဲ့ ပတ်ဝန်းကျင်ထဲမှာ လှုပ်ရှားနေကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး (၆) ဦးတို့ရဲ့ ဘဝများကို အနုစိတ် ခြယ်မှုန်းထားတာကို မြင်တွေ့ရမှာပါ။ ဒီဝတ္ထုဟာ ၂၀၀၂ ခုနှစ်အတွက် အမျိုးသားစာပေ (ဝတ္ထုရှည်ဆု) ကို ရရှိခဲ့တယ်။ ပြီးတော့ ဒီဝတ္ထုကိုပဲ ဒါရိုက်တာကြည်စိုးထွန်းက ရုပ်ရှင်အဖြစ် အကောင်းဆုံး အသက်သွင်း ဖန်တီးခဲ့ပါသေးတယ်။ ကဲ .. ဒီတော့၊ ရသမြောက်စွာ ခြယ်မှုန်းထားတဲ့ ဒီဝတ္ထုထဲမှာ ဆရာမမစန္ဒာ တင်ပြထားတဲ့ အမျိုးသမီးတွေရဲ့ ဘဝဟာ ဘယ်လိုရှိလေမလဲ ? ဝန်ဇင်းပရိသတ်ကြီးလည်း ဖတ်ရှုခံစားကြည့်လိုက်ပါ။