မြရတနာမိုး

မင်းမြတ်သူရ

800 Kyats ကျပ်
⚫ ငယ်ရွယ်ပေမယ့် ညီမဖြစ်သူကိုစောင့်ရှောက်ပြီး ရိုးရိုးသားသားဝမ်းစာရှာစားတဲ့ သြဘာ။ သူကခြေသည်းညှပ်တဲ့ အလုပ်လုပ်တယ်။ တစ်နေ့ သူ့ဆီမှာခြေသည်းလာညှပ်တဲ့ လူကြီးတစ်ယောက်ကို လူမိုက်တွေ ဝိုင်းသတ်ဖို့ ကြိုးစားတာကို သြဘာတစ်ယောက် ဝင်ကယ်ခဲ့တယ်။ အဲဒီလို ဝင်ကယ်ခဲ့တာက သူ့ဘဝတစ်ခုကို လုံးဝပြောင်းလဲသွားစေမယ်ဆိုတာ သူမသိခဲ့ဘူး။ လူကြီးက လူကုံထံအသိုင်းအဝိုင်းထဲက။ ⚫ သူ့ဘဝစပြီးပြောင်းလဲတာက လူကြီးနဲ့ ပတ်သက်မိလို့ သူ့အိမ်ကို မီးရှို့ခံရတာနဲ့ စတာပဲ။ လူကြီးကချမ်းသာတယ်၊ ရွှင်ပျတယ်၊ သဘောထားနူးညံ့တယ်။ သြဘာအတွက် အထူးဆန်းဆုံးကတော့ စိတ်ထားယုတ်ညံ့လှပါတယ်ဆိုတဲ့ အဒေါ်ဖြစ်သူရဲ့ စိတ်ကို လူကြီးက ပြောင်းလဲပေးလိုက်တာပါပဲ။ အဲဒီလိုထူးဆန်းမှုတွေနဲ့ ပြည့်နေတဲ့လူကြီးက ဘယ်သူလဲ၊ သြဘာရဲ့ဘဝက ဘယ်လိုအချိုးအကွေ့တွေနဲ့ ဘယ်လိုအပြောင်းလဲတွေကြုံရမလဲ။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ။