ရွှေလင်းယုန်

​မင်း​မြတ်​သူ​ရ

800 Kyats ကျပ်
>> မိုးမြေက တစ်မြို့လုံးရဲ့ခိုင်းဖက်။ သူ့မှာ နေစရာအိမ်မရှိ၊ အလုပ်အတည်တကျမရှိ။ ဒါပေမယ့် မိုးမြေက စိတ်ထားတော့အရမ်းကောင်းတယ်။ သူ့အတွက် ညအိပ်စက်စရာနေရာက နာမည်ကြီး ကျားသုံးကောင် စားသောက်ဆိုင်ကြီးရဲ့ နောက်ဖေးမှာ။ တစ်နေ့ ကျားသုံးကောင်ဆိုင်မှာ တည်းနေတဲ့ အဘိုးကြီးတစ်ယောက် သွေးတွေအန်နေတာကို စောင့်ရှောက်ပေးဖို့ မိုးမြေကိုခိုင်းလို့ မိုးမြေ ကူညီပေးခဲ့တယ်။ နောက်မှသိရတာ အဖိုးကြီးက ဆရာဝန်တစ်ယောက်။ အလွန်ပြင်းတဲ့ အဆိပ်မိနေတာ။ အဆိပ်ခတ်လိုက်တာက စင်္ကြာဂိုဏ်းသားတွေ။ အဆိပ်ခတ်လိုက်ရတဲ့ အကြောင်းအရင်းက အဖိုးကြီးဆီက ပုဂံမင်းတွေကိုင်ဆောင်တဲ့ သံလျက်ကိုလိုချင်လို့။ ဒီလိုနဲ့ အဖိုးကြီးသေဆုံး သွားတယ်။ ဒါပေမဲ့ မိုးမြေကို အကျိုးအကြောင်းပြောပြပြီး သံလျက်ကိုအပ်ထားခဲ့တယ်။ စိတ်ထားဖြူစင်တဲ့မိုးမြေတစ်ယောက် သံလျက်ကို ဘယ်လိုကာကွယ်မလဲ ? သူရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းမှာ ဘယ်သူတွေ ပါဝင်လာဦးမလဲ ဆိုတာ ...