အတုမရှိစည်တော်

မင်းမြတ်သူရ

800 Kyats ကျပ်
⚫ လူနာမည်က ‘ရေချမ်း’ … ရေချမ်းဆိုလို့ အေးအေးချမ်းချမ်းတော့ မထင်နဲ့။ သူ့ကြောင့် ပတ်ဝန်းကျင်က လူတွေ ဒုက္ခရောက်တဲ့လူကရောက်၊ ရေချမ်းကို ဒေါတွေပွနဲ့ဖြစ်နေတာ။ ဒါပေမယ့် ဆရာသမားကတော့ အေးဆေးပဲ။ အဆင်မပြေတာတွေ၊ ဒုက္ခတွေနဲ့ ဖြစ်ချင်ရာဖြစ်နေတဲ့ ဘဝကြီးကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းနေထိုင်တတ်သူ။ ⚫ သူက ပြဿနာတွေကို ဖန်တီးနိုင်စွမ်းရှိသလို ပြဿနာတွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်နိုင်သူ။ ဒီလိုစရိုက်မျိုးနဲ့ ရေချမ်းကို ဝတ္ထုထဲက ဇာတ်ကောင် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ ပြင်ပ သက်ရှိ လူသားတစ်ယောက်အနေနဲ့ မြင်လာအောင် ဆရာမင်းမြတ်သူရက ဒီဝတ္ထုထဲမှာ ကလောင်စွမ်းပြထားပါတယ်။