ဝဏၰပဘာ

မင်းမြတ်သူရ

800 Kyats ကျပ်
>> ဆိုးသွမ်းတဲ့ လူတော်တော်များများက မွေးရာပါ ဆိုးသွမ်းလာကြတာ မဟုတ်ဘဲ လောကဓံရဲ့ မျက်နှာသာမပေးမှု၊ ဖိနှပ်မှုတွေကြောင့် ကြမ်းတမ်းလာကြတာတွေများတယ်။ မြမြ ဘဝလည်းဒီလိုပဲ၊ အလောင်းကစားကို ဝါသနာအရမ်းထုံတဲ့ မိဘတွေဆီမှာမွေးဖွားလာတယ်။ မိဘတွေကွဲတယ်။ ပြီးတော့ အိမ်ထောင်သုံးဆက်ကွဲတယ်။ အဲဒီလိုနဲ့ သူကတဖြည်းဖြည်း အတ္တတွေကြီးလာပြီး စိတ်ထားယုတ်ညံ့လာတယ်။ အခုလည်း သူနောက်ဆုံးယူထားတဲ့ ယောက်ျားဆုံးပြီးတော့ ကျန်ခဲ့တဲ့ စည်းစိမ်တွေကိုပိုင်ဆိုင်နိုင်ဖို့ ယောက်ျားနဲ့ သားဖြစ်သူကို လက်စဖျောက်ဖို့ကြိုးစားနေတယ်။ သူလက်စဖျောက်မယ့်နည်းက ကလေးကို ဘုရားဈေးပွဲထဲမှာ ထားခဲ့ဖို့ပါပဲ။ ကလေးကို လက်စဖျောက်ဖို့ ကြိုးစားလာပြီးတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းရတော်တော်ခက်သွားပါတယ်။ ဒီဝတ္ထုမှာ ကြိုမမြင်နိုင်တဲ့ ဇာတ်လမ်းအချိုးအကွေ့တွေက ပရိသတ်ရဲ့အာရုံကို ဖမ်းစားနိုင်မှာ အသေအချာမို့ ညွှန်းလိုက်ပါတယ်ဗျ။