ရှင်မမယ်ဖြူ

မင်းမြတ်သူရ

800 Kyats ကျပ်
တစ်ရွာလုံး အော့ကြောလန်အောင်ကို ဆိုးသွမ်းလွန်းလှတဲ့ အောင်ဒင်။ ငယ်စဉ်ကတည်းက မိဘမဲ့ တစ်ကောင်ကြွက်မို့ မိမဆုံးမ ဖမဆုံးမလို့ ကင်ပွန်းတပ်ကြရင်အောင် နာစရာမရှိအောင် ဆိုသွမ်းလွန်းတဲ့ အောင်ဒင်။ အဲဒီလို တစ်ရွာလုံး တစ် ရပ်လုံး အောကြောလန်တဲ့ အောင်ဒင်ဟာ ဘဝပေးကုသိုလ်ကြောင့် ချောမောပြေပြစ်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရပြန်တော့ ဒါကို အခွင့်ကောင်းယူပြီး အောင်ဒင်ဟာ ရွာသူအပျိုတွေကို ဒူးနဲ့မျက်ရည်သုတ်စေခဲ့ရတာလည်း အများအပြားပါ။ တစ်နေ့မှာတော့ အောင်ဒင်ရဲ့ ပက်စက်လှတဲ့ အကြံနဲ့ လုပ်ရပ်ကြောင့် ရွာကို စွန့်ခွာရတဲ့ အထိဖြစ်လာရပါတယ်။ ရွာကို စွန့်ခွာလာပြီး တစ်ရွာမပြောင်းသူကောင်းမဖြစ် နှလုံးထုံးမူလာပေမယ့် အောင်ဒင်ဟာ သူတော်ကောင်းတော့ မဖြစ်ဘဲ အင်းသားကြီးတစ်ဦးထံမှာ လုပ်ပိုင်ခွင့်ရအင်းကို စောင့်ရှောက်ရတဲ့ အင်းလူမိုက်အဖြစ် မိုက်ဂုဏ်ကိုပြ ဆိုးဂုဏ်ကိုဝင့်တာ အပြင် ဆင်းရဲသားနင်းပြား တံငါသည်တွေကို နှိပ်စက်ညှင်းပမ်းရင်း တစ်ဖက်ကလည်း သစ္စာမတည်တဲ့ ဖောက်လွဲဖောက်ပြန် တွေကိုပါ လုပ်လာပြန်ပါတယ်။ အဲဒီလိုမျိုး လူဆိုးလူမိုက်လူယုတ်ကြီး အောင်ဒင်ရဲ့ ဘဝနဲ့ ဆက်စပ်ပေါ်ပေါက်လာတဲ့ ဒီ ရှင်မမယ်ဖြူ ဝတ္ထုဟာ စာဖတ်သူတွေအတွက် လျှို့ဝှက်သည်းဖိုရသအပြင် လောကရဲ့ ဓမ္မတရား အသိအမြင်ကိုပါ ရရှိစေမှာပါ။