မင်းမြတ်သူရ ဝတ္ထုတိုများ

မင်းမြတ်သူရ

800 Kyats ကျပ်
ဆရာမင်းမြတ်သူရဆိုရင် လုံးချင်းဝတ္ထုရှည်တွေပဲ လူသိများကြပါတယ်။ တကယ်တော့၊ ဆရာက ဝတ္ထုတိုတွေလည်း ရေးတယ်။ နည်းနည်းပါးပါး ညွှန်းချင်တာထက် ကျနော်ကတော့ အခုပဲ ဖတ်သာကြည့်လိုက်ပါတော့လို့ တိုက်တွန်းချင်တာပဲ။ စာရေးဆရာဘဝတုန်းက ဆရာက ဘယ်မဂ္ဂဇင်းကိုမှ ဝတ္ထုတိုပေးလေ့ မရှိပါဘူး။ ငြင်းရခက်တဲ့ ခင်မင်သူတွေကိုပဲ ပေးလေ့ရှိတာပါ။ အခုတော့၊ ဆရာ့ဝတ္ထုတွေကို ဒီစာအုပ်ထဲမှာ စုစည်းပေးလိုက်ပါပြီ ! ကျနော်ကတော့ “ကြောင်ကိုယုံလို့ ခုန်လိုက်စမ်းကွယ်” ဆိုတဲ့ ပထမဆုံးဝတ္ထုတိုမှာတင် ဖတ်ရတာ သဘောကျနေတာ။ ဇီးကုန်းရွာကို ဆေးမင်ကြောင်အရုပ်ရေးထိုးတဲ့ ဆရာကြီးတစ်ယောက် ရောက်လာတယ်။ သူကတော့ရွှီးတာပေါ့။ အထက်ဆရာကြီးတွေရဲ့ ဘာညာဆိုပြီး။ နောက်ပြီးမှ တစ်ရွာလုံးကို ဆေးမင်ကြောင်တွေ တစ်ဝက်တစ်ပျက်ထိုးပေးပြီး လိမ်သွားတာ။ ဖတ်ရတာ အူတက်