ထီးတစ္ရာ

မင်းမြတ်သူရ

800 Kyats ကျပ်
... “အဖေရယ် ဒီလောက်ရှားပါးတဲ့ တာကင်ကို ကျုပ်တို့ကို ဖမ်းခိုင်းတာ သူတို့ တော်တော် လူလည်ကျတာပဲ၊ ကျုပ် ဖဂါကို ပြန်မလျော်နိုင်ဘူးဆိုပြီး သူတို့က အကျပ်ကိုင်တာ ဖြစ်မယ်။ ဒါပေမဲ့ ကျုပ်တို့မှာ သူတို့ရဲ့ ဖဂါတွေကို ပြန်လျော်နိုင်ဖို့ နည်းလမ်း မရှိဘူး၊ ဒါကြောင့် တာကင်ကို ကျုပ် မရရအောင် ဖမ်းဖို့ ဆုံးဖြတ်လိုက်ပြီ” ဟု ပြောလေ၏။ ထိုအခါ ခေါင်ရည်သောက်နေသော လူကြီးက သူ၏ သား ဂျူမရော်ကို အံ့သြဟန်ဖြင့် ကြည့်၍ … “ဟုတ်ပါ့မလား ငါ့သားရယ်၊ တာကင်ကို ဖမ်းဖို့ဆိုတာ စိတ်ရှည်ရတယ်ကွ၊ ကံလည်း အများကြီးလိုတယ်၊ တချို့ မုဆိုးတွေဟာ တာကင်ကို ဖမ်းဖို့ နှစ်နဲ့ချီပြီး စောင့်ဆိုင်းပေမယ့် မအောင်မြင်ကြဘူး။ အချို့လည်း အလွန်ကံကောင်းပြီး တာကင်ကို အချိန်တိုတိုလေးအတွင်းမှာ ရမိတယ်။ ဒါကြောင့် တာကင်ကို ဖမ်းတယ်ဆိုတာ လေကို ဖမ်းရသလိုပဲ၊ အတော့်ကို ခက်ခက်ခဲခဲနိုင်တယ်” ဟု ပြောလေ၏။