ဆားပုလင်း မင်းအောင် နှင့် နေမင်း၏ သမီးတော်

မင်းမြတ်သူရ

800 Kyats ကျပ်
ဒီဇာတ်လမ်းကို လူသားတစ်ယောက် သူကျင်လည်ရာ ဝန်းကျင်အသိုင်းအဝိုင်းကနေ ထူးဆန်းစွာ ပျောက်ဆုံးသွား ခြင်းနဲ့ စတင်ထားပါတယ်။ နောက်ထပ်အခြားနေရာက တစ်ယောက်ဟာလည်း အဲ့ဒီလိုပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ ပြန်ပါတယ်။ သူတို့နှစ်ဦး ပျောက်သွားရခြင်းရဲ့ အကြောင်းအရင်းကတော့ တစ်ခုထဲပါ။ ဘယ်သူမှန်းမသိ ရေးသားထားသူက နတ်သမီးဆိုသူတစ်ဦးကို သွားရှာဖို့ ရည်ညွှန်းထားတဲ့ စာသားလေးတွေကြောင့်ပါ။ နောက်ပြီး ပျောက်ဆုံးသွားသူနှစ်ဦးထဲက တစ်ဦးဟာ စားသောက်ဆိုင်စားပွဲထိုး တစ်ဦးအဖြစ်နဲ့ သေဆုံးခြင်းကနေ ဇာတ်လမ်းကို ပြန်လည် အစဖော်ထားပြန်ပါတယ်။ ဒီလို ထူးဆန်းမှုတွေနဲ့ စတင်ထားတဲ့ ဇာတ်လမ်းမှာ အလွန်ကိုတော်တဲ့၊ ထက်မြက်တဲ့ ဆားပုလင်းမင်းအောင်ဆိုတဲ့ စုံထောက်တစ်ယောက် ပါဝင်ပတ်သက်မှုလာတဲအခါ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ပေါ်ပေါက်လာတာကို သည်းထိတ်ရင်ဖို ဖတ်ရှုရပါလိမ့်မယ်။