ဆားပုလင်းမင်းအောင်နှင့် သူရိယစန္ဒာဂိုဏ်း

မင်းမြတ်သူရ

အခမဲ့
ဇာတ်လမ်းရဲ့ အစဟာ ကမ္ဘာမြေပေါ် လူသားတစ်ယောက် ထူးဆန်းစွာ ရောက်ရှိလာခြင်းနဲ့ ကမ္ဘာမြေပေါ်က လူသား တစ်ယောက် သူကျင်လည်ရာ ဝန်းကျင်အသိုင်းအဝိုင်းကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားခြင်းနဲ့ စတင်ထားပါတယ်။ လူစည် ကားရာ မြစ်ဝကျွန်းပေါ် မြို့ကလေးတစ်မြို့မှာ သီရိမာဆိုတဲ့ ထူးထူးခြားခြား လှပပြီး ဆန်းကြယ်တဲ့ ပြည်တန်ဆာမလေးတစ်ယောက်။ တစ်နေ့မှာတော့ သီရိမာထံကို မွေးကင်းစကလေးငယ်လေးတစ်ယောက် ထူးထူးဆန်းဆန်း ရောက်လာပြီး သီရိမာလည်း ထိုမြို့ကလေးကနေ အပြီးအပိုင် ထူးဆန်းစွာပဲ ပျောက်ဆုံးသွားခဲ့ပါတော့တယ်။ အဲ့ဒီလိုပဲ မိုးသူဇာဆိုတဲ့ အငြိမ့်အဖွဲ့က အလွန်တော်တဲ့ လူရွှင်တော်ကြီးတစ်ယောက်ဟာလည်း တစ်ညမှာ အငြိမ့် ကရင်း ပရိတ်သတ်ထံကရတဲ့ ဆေးပေါ့လိပ်အစီခံပတ် စက္ကူလေးပေါ်က ကဗျာလေးတစ်ခုကို တွေ့ရတဲ့အခါ အဲဒီညမှာပဲ အငြိမ့်အဖွဲ့ကနေ ထူးဆန်းစွာ ပျောက်သွားပြန်တယ်။ ဒီလို ထူးဆန်းမှုတွေ၊ လျှို့ဝှက်ပဟေဠိတွေနဲ့ စတင်ထားတဲ့ သူရိယစန္ဒာဂိုဏ်းဇာတ်လမ်းမှာ အလွန်ကိုတော်တဲ့၊ ထက်မြက်တဲ့ ဆားပုလင်းမင်းအောင်ဆိုတဲ့ စုံထောက်တစ်ယောက်ကလည်း ဘယ်လိုပါဝင်ပတ်သက်မှုတွေ ရှိနေလဲဆိုတာ ဖတ်ရှုလိုက်ရအောင်ပါ။