ဆားပုလင်းမင်းအောင်နှင့် တစ်ကျွန်းစံ

မင်းမြတ်သူရ

800 Kyats ကျပ်
ဒီဇာတ်လမ်းကို မြို့တစ်မြို့ဆီကနေ သူ့နည်း၊ သူ့ဟန်နဲ့ နာမည်ကြီးတဲ့သူတွေ ပျောက်ဆုံးသွားတာကနေ စထားတယ်။ အဲဒီလူတွေက ရိုးရိုးတန်းတန်း ပျောက်သွားတာတော့ မဟုတ်ဘူး။ သက္ကလက်ဦးထုပ် ဆောင်းထားပြီး ငွေရောင်တလက်လက်တောက်နေတဲ့ ချိန်ခွင်တစ်ခုကို ကိုင်ထားတဲ့ လူတစ်ယောက်နဲ့တွေ့ဆုံပြီးသွားမှ ပျောက်သွားကြတာ။ ပျောက်သွားတဲ့ အကြောင်းအရင်းကိုလည်း ဘယ်သူမှ သေချာမသိ။ ပထမဆုံးပျောက်သွားတာက မော်လမြိုင်မြို့စွန်က အရက်ဆိုင်တွေမှာ မိုက်ကြေးခွဲနေကြဖြစ်တဲ့ ဒေဝေါကြီး။ ထပ်ပျာက်သူက မြို့စွန်လေးမှာ ကလေးတွေကို လောကနီတိအကြောင်း သင်ပေးနေတဲ့ဆရာမလေး မဟင်္သာ။ ဒီလိုထူးဆန်းမှုတွေနဲ့ စတင်ထားတဲ့ ဇာတ်လမ်းမှာ ဘယ်လိုထူးဆန်းမှုတွေ၊ လျှို့ဝှက်မှုတွေ ရှိနေဦးမလဲ ဆိုတာ ... ။