ဆားပုလင်းမင်းအောင်နှင့် နဂါးမြို့တော်

မင်းမြတ်သူရ

800 Kyats ကျပ်
ဆရာမင်းမြတ်သူရရဲ့ စုံထောက်ဝတ္ထုတွေထဲက တရားခံတွေအကုန်လုံးက ထောင်ထောင်မောင်းမောင်း ယောကျာ်းသားတွေချည်းမဟုတ်ပါဘူး။ အလွန်အချော၊ အလွန်လှတဲ့ ပုလဲခင်တို့ မြနှင်းခင်တို့လို မိန်းမလှလေးတွေလည်း ပါပါတယ်။ ဒီဝတ္ထုကလည်း ဒီလိုပါပဲ အင်းစိန်၊ နံ့သာကုန်းဘက် ခြံတစ်ခြံက ပန်းပဲဆရာကြီးအမှုရဲ့ တရားခံကလည်း မိန်းမလှလေးတစ်ယောက်ပါဘဲ။ ထူးဆန်းတာကတော့ ပန်းပဲဆရာကြီးက သန်သန်မာမာယောကျာ်းသားကြီးတစ်ယောက်ပါ။ မိန်းမငယ်လေးတစ်ယောက်က thatလိုက်တယ်ဆိုတဲ့ ကိုမင်းအောင်ရဲ့ ကောက်ချက်က အတော်လေးစဉ်းစားစရာ ဖြစ်နေတာပေါ့။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ကိုမင်းအောင်က ဘယ်တုန်းကမှ လွှဲမှားသွားတယ်လို့တော့မရှိပါဘူး။ မိန်းမလှလေးနဲ့ ပန်းပဲဆရာကြီးတို့ကြား ဘယ်လိုဆက်နွယ်မှုတွေရှိနေမလဲ? ရင်ထဲကဘယ်လိုမျိုး အငြိုးအာဃာတတွေကြောင့် လူthatမှုကျူးလွန်လိုက်တာလဲ? ထင်သလောက်ရော ရိုးရှင်းပါ့မလားဆိုတာ ဖတ်ရှုကြည့်လိုက်ကြပါနော်။