ဆားပုလင်းမင်းအောင်နှင့် ရွှေသန်လျက်

မင်းမြတ်သူရ

800 Kyats ကျပ်
အစွန်းချွတ်ဆေးထဲမှာ ကယ်(လ်)စီယမ် ကလိုရိုက် ပါတယ်လေဗျာ၊ အရောင် အနံ့ အရသာ မရှိဘူး၊ အဝတ်ခြောက်လျှော်ရင်လည်း သုံးလို့ရတယ်။ မိုက်ကယ်ဟာ အစွန်းချွတ်ဆေးနဲ့ နက်ကတိုင်ပေါ်က အစွန်းကိုချွတ်ရင်း ကယ်(လ်)စီယမ် ကလိုရိုက်ကို လုံလောက်အောင် ရှုရှိုက်လိုက်မိတယ်။ အရက် အလွန်အကျွံ သောက်ထားတဲ့သူက ဒီအငွေ့ကို ရှုရှိုက်လိုက်မိရင် သေဆုံးနိုင်တယ်လေ။ သေတဲ့ အကြောင်းအရင်းကတော့ အတိအကျ ဖော်ပြလို့မရဘူး။ ဒါကြောင့် ဆေးရုံက အရက်ပျံအဆိပ်မိတယ်လို့ ဆေးမှတ်ချက် ရေးခဲ့တာ၊ တကယ်တော့ ဒါဟာ လူသတ်မှုဗျ … ။ ဒီစာအုပ်ထဲမှာ စုံထောက် ဆားပုလင်းမင်းအောင် ဖော်ထုတ်ခဲ့တဲ့ အမှုကြီးတစ်ခုအကြောင်းကို ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုရမှာပါ။ ထုံးစံအတိုင်း ခက်ခက်ခဲခဲနဲ့ ပြတ်တောက်နေတဲ့ သဲလွန်စ ကွင်းဆက်တွေကို ချိတ်ဆက်ပြီး ဖော်ထုတ် ရေးသားထားတယ်။ ဒီစာအုပ်ထဲမှာ ပါတဲ့ သဝန်တိုစိတ်ကြောင့် ဖြစ်လာရတဲ့ လူသတ်မှုအကြောင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖတ်ကြည့်လိုက်ပါဦးခင်ဗျ။