ကျောက်မျက်လုံးတစ္ဆေ

မင်းသွေးသစ္စာ

600 Kyats ကျပ်
ရိုးမတောင်ခြေမှာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ သစ်ခုတ်သမား မိသားစုတစ်စု။ လောဘရမ္မက်ကြီးလွန်းတဲ့ တိုးခြားကျွန်သပေါက် ရွှေစလွယ်တော်ရ သူကြီးမင်း သားအဖ။ ရိုးမရဲ့ဆန်းကြယ်မှုတွေနဲ့အတူ တစ်နေ့မှာတော့ သစ်ခုတ်သမား မိသားစုအတွက် ကံဆိုးမိုးမှောင်မှုတွေ ရောက်ရှိလာခဲ့ပါတော့တယ်။ ဒီဖြစ်ရပ်တွေဟာ မြို့တော်ဟောင်းတစ်ခုက မင်းအဆက်ဆက် သိုမှီးထားခဲ့တဲ့ လျှို့ဝှက်ရတနာသိုက်နဲ့ ဆက်စပ်နေတဲ့ ရှေးဟောင်း နတ်ရုပ်ကြီးတစ်ရုပ်ရဲ့ ကျောက်မျက်လုံးတစ်ဖက်ကြောင့် အစပြုခဲ့တာပါ။ ဒီနောက် နှစ်ပေါင်း နှစ်ဆယ်ကျော်အကြာမှာ ကံကြမ္မာဟာ တစ်ပတ်ပြန်လည်လာတဲ့အခါ လျှို့ဝှက်မှုတို့ကို ရင်ထဲမှာ သိုမှီးထားတဲ့ သစ်ခုတ်သမားကြီးနဲ့ သူ့ရဲ့ ချောမောလှပတဲ့ သမီးကလေး။ ဘယ်လိုအခြေအနေဆိုးတွေက သူတို့နောက်ကို ဖဝါးထပ်မျှ လိုက်ပါနေခဲ့တာလဲ။ လောကကြီးရဲ့ တရားမျှတမှုနဲ့ မတရားမှုတို့ အားပြိုင်ခြင်းကြားမှာ လျှို့ဝှက်ဆန်းကြယ်မှု၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့အတူ ကျောက်မျက်လုံးတစ္ဆေဟာ ရစ်ဖွဲ့သီလို့နေပါတယ်။