နိုင်ငံရေးဖတ်စာများ

မင်းသေ့

500 Kyats ကျပ်
... ကျနော့် ဆန္ဒသဘောအရ၊ ဗျူရိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ တရားရေး မဏ္ဍိုင်ကို ပြတ်ပြတ်သားသား၊ မကိုင်တွယ်နိုင်တာကိုပဲ၊ ညံ့ဖျင်းမှုရဲ့ အစလို့ ဆိုချင်တယ်။ တရားရေး မဏ္ဍိုင်က၊ အားကိုး ယုံကြည်ချင်စရာ မကောင်းအောင်ကို ဖြစ်နေပြီ။ အဆိုးဆုံးက၊ ပြည်သူတွေ ရွံစရာကောင်းတဲ့၊ ယန္တရား အစိတ်အပိုင်းဖြစ်နေပြီ။ အားလုံးက၊ အမြီးကျက်၊ အမြီးစား၊ ခေါင်းကျက်၊ ခေါင်းစားတွေသာ များနေတယ်။ ရှေ့နေတွေလည်း၊ စိတ်ဓာတ်အရ ပျက်နေပြီ။ တရားသူကြီးတွေကလည်း၊ လက်သင့်ရာ စားတော်ခေါ်၊ တော်တော်များများက လောက်လောက် လားလား မရှိ။ လုပ်ထုံးတွေ ကိုယ်တိုင်မှာလည်း၊ ချွတ်ယွင်းချက် ရှိဆိုတော့၊ အမှားပေါ် အမှားဆင့်နေကြတယ်။ ဒါကို တရားဥပဒေ စိုးမိုးရေးလို့ ထင်မှတ်မှားနေတာကတော့၊ အတော် စိတ်ပျက်စရာ။