အဖြူကိုမည်သူအနက်ဆိုးသနည်း

မင်းကျော်

600 Kyats ကျပ်
သရက်ဗော်စတယ် (ယခု - လူငယ်သင်တန်းကျောင်း) မှာ သွားရောက်နေထိုင်ပြီး ပြစ်ဒဏ်ခံ အကျဉ်းကျနေတဲ့ ကလေးနဲ့ လူငယ် သင်တန်းသားတွေရဲ့ ရင်ဖွင့်စကားနဲ့ သူတို့ရဲ့ ဘဝဖြစ်ရပ်တွေ အကြောင်း နားထောင် ကြားသိခဲ့ရပြီးနောက်မှာ ဆရာမင်းကျော်က ဒီဝတ္ထုတိုတွေကို ရေးသားခဲ့ပါတယ်။ ဒီလူငယ်တွေဟာ သူတို့ရဲ့ ဘဝအကြောင်း ပြန်ပြောပြစဉ်မှာ၊ တချို့က နာကြည်း ခံပြင်းစိတ်ကြောင့် မျက်နှာထား ခက်ထန်စွာ ပြောကြသလို၊ တချို့က ဝမ်းနည်းကြေကွဲမှုနဲ့၊ တချို့က ရယ်ရယ်မောမော ပြန်ပြောခဲ့ကြတာကို တွေ့ရှိခဲ့ရကြောင်း ဆရာမင်းကျော်က အမှာစာမှာ ဆိုထားပါတယ်။ အသက် (၁၁) နှစ်ကနေ (၁၈) နှစ်လောက်အထိ အရွယ်အမျိုးမျိုး ကလေးတွေရဲ့ ဘဝအဖြစ်အပျက်၊ အမှုဖြစ်ပုံ၊ အကြောင်းအရာတွေကို ဝတ္ထုတိုလေးတွေအဖြစ် ပြန်လည်ရေးသားပြီး မဂ္ဂဇင်းအသီးသီးမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းရောက် ဆယ်ကျော်သက် လူငယ်တွေရဲ့ ဘဝငရဲကို ခံစားမှုများစွာနဲ့ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။