နှင်းဆီလင်္ကာ

မင်းဟိဏ်းကြယ်

600 Kyats ကျပ်
အချစ်။ ဆန်းကြယ်တဲ့ အချစ်။ လူသားတွေ အခုထိ လိုက်မမီသေး၊ နားမလည်သေး၊ အဓိပ္ပာယ်တိတိကျကျ ဖွင့်မရသေးတဲ့ အချစ်။ အချစ်အတွက်ကြောင့်ပဲ လူတွေဟာ ရူးကြဖူးတယ်၊ စစ်ပွဲတွေ ဆင်နွှဲကြဖူးတယ်၊ ကြိုးစားကြဖူးတယ်၊ ရင်ဆိုင်ကြဖူးတယ်၊ ယှဉ်ပြိုင်ကြဖူးတယ်၊ အဲဒါ အချစ်ရဲ့ ခွန်အားကြောင့်ပဲပေါ့။ ဒီလောက်အထိ အင်အားကြီးမားသလောက် နူးညံ့သိမ်မွေ့တတ်တဲ့ အချစ်အကြောင်း လူတွေဟာ အနုပညာ ပုံစံဟန်အမျိုးမျိုးနဲ့ တင်စားဖွဲ့သီ စာစီခဲ့ကြပေမဲ့လည်း ရေးမကုန်၊ ပြောမကုန်၊ ဖန်တီးမကုန်နိုင်ပြန်ဘူး။ အချစ်ကို နောက်ထပ် ပုံဟန်များစွာ၊ အကြောင်းအရာများစွာ၊ ဖြစ်စဉ်များစွာနဲ့ ပုံဖော်ဖန်တီးကြဦးမှာပါပဲ။ အခုစာအုပ်လေးကလည်း အချစ်ရဲ့ အကြောင်းဖြစ်စဉ် များစွာထဲက တစ်ခုလို့ ပြောရမယ် ထင်ပါတယ်။ နှင်းဆီခိုင် … တဲ့။ နှင်းဆီပန်းလို လှမ်းချင်၊ နမ်းချင်၊ ခူးချင်သူ ပေါများတဲ့ မိန်းမလှတစ်ယောက်၊ အချစ်နဲ့ တွေ့တဲ့အခါ၊ အချစ်စစ်စစ်နဲ့ တွေ့တဲ့အခါမှာတော့ …