ဖိနပ်နဲ့တူတဲ့ မိန်းမများ

မင်းဟိဏ်းကြယ်

300 Kyats ကျပ်
ခေါင်းစဉ်ကို ဖတ်ကြည့်ရင်တော့ ဘယ်လိုခေါင်းစဉ်ကြီး ပေးထားတာလဲလို့ မြင်ကောင်း မြင်နိုင်ပါမယ်။ ဒီစာရေးဆရာက မိန်းမတွေကို ဘယ်လိုသဘောထားတာလဲ၊ ဘယ်လိုဖြစ်လို့ နိမ့်ယုတ်တဲ့ ဖိနပ်နဲ့ နှိုင်းရတာလဲလို့ ထင်ကောင်း ထင်နိုင်ပါမယ်။ ဒါပေမဲ့ ဒီလို မကောင်းတဲ့၊ နှိမ်ချတဲ့၊ အမြင်သဘောနဲ့ ရေးထားတာ မဟုတ်ဘဲ မိခင်တို့ရဲ့ စိတ်သဘောနဲ့ ခံယူချက်ကို လှပစွာ နိမိတ်ပုံယူ ခေါင်းစဉ်ပေးထားတာပါ။ တကယ်တော့ ဒီစာအုပ်လေးက မိခင်မေတ္တာ၊ မိခင်စိတ်နဲ့ သားသမီးအတွက် အားမာန်အပြည့်၊ မေတ္တာအပြည့်ရှိတဲ့ မိခင် အမျိုးသမီးတွေအတွက် ဂုဏ်ပြုရေးသားထားတဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။ ‘မိခင်တွေဆိုတာ ဖိနပ်နဲ့တူတယ် ငါ့သမီး။ ဖိနပ်ဆိုတာ ကိုယ် အဆူးစူးမှာထက် လူတွေ အဆူးစူးမှာကို မလိုလားကြဘူး။ ဒါကြောင့် ဖိနပ်နဲ့ လူနဲ့ တွဲကြည့်မယ်ဆိုရင် ဖိနပ်က မိခင်၊ လူတွေက သားသမီးတွေ။ သားသမီးတွေ အဆူးစူးမှာကို ဘယ်မိဘမှ မလိုလား မနှစ်သက်ကြဘူး။ အဲ့လိုပဲပေါ့။ မိဘနဲ့ သားသမီးဆိုတာလည်း ဖိနပ်နဲ့ လူတွေလိုပဲကွဲ့’ ဆိုတဲ့ မိခင်ကြီးရဲ့ စကားနဲ့အတူ မိခင်ကောင်းတစ်ယောက်အဖြစ် ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တဲ့ အမျိုးသမီးကောင်းတစ်ယောက်၊ မိခင်ကောင်းတစ်ယောက်ရဲ့ ဂုဏ်ရည်ကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။