ပြည်ကြီးမဏ္ဍိုင် မြကြီး

မင်းသိင်္ခ

1000 Kyats ကျပ်
>> ‘ဘုံဆိုင်ကို မြကြီးစောင့်၏’ တဲ့။ တကယ်လည်းမြကြီးက ဘုံဆိုင်ကိုစောင့်သလားမသိ မနက်စောစောကတည်းက သိုင်းကွက်နင်းပြီး မူးချင်မူးနေတာ။ အချိန်ပြည့်မူးနေရအောင် ပိုက်ဆံဘယ်ကရလဲလို့ မမေးလိုက်နဲ့ တောင်းလို့ရတဲ့လူဆီက တောင်းတယ်။ တောင်းလို့မရတဲ့လူဆီက မရရအောင် တောင်းတယ်။ မခံချင်အောင်တစ်မျိုး၊ စိတ်အနှောက်အယှက်ဖြစ်အောင်တစ်မျိုးနဲ့ ရအောင်တောင်းတယ်။ ဒါပေမဲ့ မြကြီးပြောတဲ့စကားတွေက ပညာသာအရမ်းပါတယ်။ မြကြီးက သူ့ကိုယ်သူ အမင်္ဂလာကောင် ဆိုတာလည်း သိတယ်။ ဒီလိုနဲ့ မြကြီး သူ့စကားကြောင့် အမယ်အိုတစ်ယောက် ဒုက္ခရောက်ရတာကို သိသွားပြီ။ အရက်ကို သစ္စာဖောက်တဲ့မြကြီး၊ မင်္ဂလာကောင်မြကြီးဖြစ်အောင်ကြိုးစားမယ်ဆိုပြီး မန္တလေးကိုထွက်သွားရာကနေ … ဘာတွေဆက်ဖြစ်မလဲဆိုတာ တကယ်ကိုဆန်းကြယ်လှတဲ့ ဝတ္ထုကြီးတစ်ပုဒ်ပါပဲ။