ပျော်ပါတယ် မောင်ပြည်သိမ်း

မင်းသိင်္ခ

အခမဲ့
ချမ်းသာကြွယ်ဝတဲ့ ပွဲစားကြီးမိသားစုကနေ မွေးဖွားလာတဲ့ ကောင်လေး မောင်ပြည်သိမ်း၊ နာမည်ကြီး အင်္ဂလိပ်ကျောင်းကို တက်ခဲ့ပေမဲ့ ကျောင်းအာဏာပိုင်တွေက သူ့ရဲ့ ဘုန်းကြီးကျောင်းသားညာဉ်ကို လက်မခံနိုင်ကြဘူး။ ဒီလိုနဲ့ ကျောင်းထုတ်လိုက်တယ်။ မောင်ပြည်သိမ်းလေးကတော့ ကျောင်းထုတ်ခံရတာကိုပဲ ပျော်နေလေရဲ့။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဘဝခရီး စတော့တာပါပဲ။ မောင်ပြည်သိမ်းရဲ့ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း မြင်တတ်တဲ့ စရိုက်ဟာ သူ့ဘဝမှာ အချိုးအကွေ့တွေ အများကြီး ပေါ်ပေါက် ပြောင်းလဲစေခဲ့တယ်။ လက်ကမချခင်အောင် ဖတ်ရင်းနဲ့ စိတ်လှုပ်ရှားရတယ်၊ ရယ်လဲရယ်ရတယ်၊ ပြီးတော့ ဖတ်ပြီးရင် မောင်ပြည်သိမ်း ဆိုတဲ့နာမည်က စာဖတ်သူ စိတ်ထဲ စွဲကျန်နေလိမ့်မယ်။