မဲခေါင်ကျော်စွာ

မင်းသိင်္ခ

1000 Kyats ကျပ်
>> ဒီဝတ္ထုရှည်ကြီး စပြီးပေါ်ပေါက်လာပုံက တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတာဗျ။ ဆရာကြီး မင်းသိင်္ခ အဓိဋ္ဌာန်နဲ့ ဂန္ဓာရီခရီးထွက်တုန်း မောင်မဲခေါင်ဆိုတဲ့ မုဆိုးတစ်ဦးနဲ့ ရင်းနှီးခဲ့တယ်။ အဲဒီမှာ ဇာတ်လမ်းကစတာပဲ။ မုဆိုးမောင်မဲခေါင်က သူ့ဆရာ ဓာတ်သားဆိုသူရဲ့အကြောင်းကိုပြောပြတယ်။ ဓာတ်သားက မုဆိုးဆိုတဲ့အတိုင်း အရမ်းကိုရက်စက်တယ်။ ဒအရမ်းလည်းကြင်နာတတ်တယ်။ အကုသိုလ် တစိုက်မတ်မတ်လုပ်တဲ့လူဖြစ်သလို ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာလည်း ဇွဲလုံ့လကြီးတယ်။ သူ့ဘဝက စက်ဆုပ်ဖို့ကောင်းသလို သူ့ဘဝက အားကျဖို့လည်းအရမ်းကောင်းတယ်။ ပြောရရင် သူ့ဘဝက အကောင်းနဲ့အဆိုး တစ်ပြိုင်နက် ပိုင်ဆိုင်နေသလိုပဲ။ မောင်မဲခေါင် ရက်ပေါင်း (၁၀၈) ရက်တိတိပြောပြခဲ့တဲ့ မုဆိုး ဓာတ်သားရဲ့ဘဝကနေအစပြုပြီး စိတ်ပျက်ဖွယ်၊ အားကျဖွယ်၊ စက်ဆုပ်ဖွယ်၊ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ ဒီဝတ္ထုရှည်ကြီးကို ဖတ်သာကြည့်တော့ဗျို့!