မရမ်းတလင်းလက်ဆောင် - တတိယတွဲ

မင်းသိင်္ခ

1000 Kyats ကျပ်
ဒီစာအုပ်ထဲမှာ ဆရာမင်းသိင်္ခရဲ့ နာမည်ကြီး ဂမ္ဘီရယတြာတွေချည်း စုထားတာဆိုတော့ အနှစ်တွေချည်းပဲပေါ့ခင်ဗျာ။ အရင်တုန်းကဆိုရင် ဆရာကြီးရဲ့ ဝတ္ထုတွေမှာ ပါလာတတ်တဲ့ ယတြာတွေကို လိုက်လံစုဆောင်းနေရသေးတယ်။ အခု ဒီစာအုပ်က အဲ့ဒီလို ဝတ္ထုတွေမှာ ပါခဲ့ဖူးတဲ့ အစီအရင် ယတြာတွေအပြင် တခြား အစီအရင်ဆိုင်ရာ စာအုပ်တွေမှာ မပါတဲ့ ထိရောက်တဲ့ ယတြာတွေကို စုထားတာဆိုတော့ သိပ်ကို အသုံးဝင်ပါတယ်။ နာမည်ကြီးဖြစ်တဲ့ ‘မနောမယလင်ပန်း’ ကစလို့၊ ကံပွင့်လာဘ်ပွင့်စေတဲ့ ‘ခေါင်းဆေးမင်္ဂလာ’ စီရင်နည်း၊ မျက်နှာပွင့်ဖို့ အိပ်မက်လှလှမက်ဖို့ လာဘ်ပွင့်ဖို့ အလုပ်အဆင်ပြေဖို့ အဆောင်တွေ၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် စတဲ့ ယတြာတွေကို အသုံးချနိုင်မှာပါ။